Sunday, September 11, 2022

 

#ဇီဝဇိုး_ကျိန်စာ


******* 


       ရေငွေ့တွေကြောင့်လား ၊ မြူတွေကြောင့်လားမသိ ။ 

       ပတ်ဝန်းကျင် တစ်ခုလုံး ဝေဝါးနေသည် ။ 


       ပင်လယ်ကမ်းခြေရှိ ရွာငယ်လေး တစ်ရွာမှာမူ အလင်းရောင်အားနည်းသေးသည်ကို ဂရုမထားနိုင်ဘဲ ဝမ်းရေးအတွက် နိစ္စဓူ၀ သက်ဝင်လှုပ်ရှားနေကြပြီ ။

       များစုမှာ တံငါသည်များမို့ သောင်စပ်တွင် လှေများဖြင့် ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ကြတော့မည် ။ 

       တစ်ဦးသော်လည်းကောင်း အုပ်စုဖွဲ့၍သော်လည်းကောင်း ငါးဖမ်းထွက်ကြသည် ။

 အများအားဖြင့် နှစ်ယောက်သွားသည်က ပိုများသည် ။

        တံငါရွာလေးမို့ ငါးဖမ်းခြင်းသည် အဓိက အလုပ်ဖြစ်သည် ။ တပိုင်တနိုင် ဖမ်းသူများ လည်းရှိသလို လူချမ်းသာများက လူငှါးများဖြင့် တွင်ကျယ်စွာ လုပ်သူများလည်း ရှိသည် ။

        ငါးဖမ်းခြင်းသည် အဓိကဟု ဆိုသော်လည်း အခြားအလုပ်လုပ်သူမျလည်း ရှိသေးသည် ။


       " ဒီနေ ရေ .. ပြီးပြီလားကွ "

       " အေး .. ထမင်းထုပ်ထည့်နေတာဟေ့ .. လာပြီ .. လာပြီ "

        ဒီနေ သည် လိုအပ်သည်များကို ပလိုင်းထဲသို့ စုရုံးထည့်ကာ အိမ်လေးထဲမှ ထွက်လိုက်သည် ။ ထို့နောက် အိမ်ထဲသို့ လှည့်ကာ အော်လေသည် ။

        " မိန်းမရေ ... အိမ်မှာပဲ နားနားနေနေ နေနော် . အပြင်တွေ လျှောက်ထွက်မနေနဲ့ .. ကိုယ်ဝန်အရင့်အမာကြီးနဲ့ မတော်လို့ လဲနေရင် ဒုက္ခ "

        အဖော်ဖြစ်သူ မင်းလူက ဒီနေ ကို အဖြစ်သည်းရန်ကောဟူသော အကြည့်ဖြင့် ကြည့်ကာ 

       " မင်းမှာလည်း ပင်လယ်ထွက်ခါနီးတိုင်း ဒါပဲ မှာနေတာ .. ကြားထဲက ငါတောင် အမြင်ကတ်လာပြီ "

       " ကတ်မှာပေါ့ .. မင်းမှာ မိန်းမမှ မရှိသေးတာ .. ငါက မကြာခင် ကလေးအဖေဖြစ်တော့မှာကွ "

       " အေးပေါ့ကွာ .. ပြောနိုင်တုန်းတော့ ပြောထားဦးပေါ့ " 


        ဒီနေ နှင့် မင်းလူတို့သည် ငယ်ပေါင်းကြီးဖော်များဖြစ်ကြပြီး အလုပ်အတူလုပ်ကာ ရလာသည့် အကျိုးအမြတ်ကို ခွဲဝေယူကြသည် ။

        မင်းလူ၌ အိမ်ထောင်မရှိသော်လည်း မိခင်ကို လုပ်ကျွေးနေသူ တစ်ယောက်ဖြစ်သည် ။

        ဒီနေက မနှစ်က အိမ်ထောင်ကျသည် ။

        " သွားမယ် ဒီနေ ... နောက်ကျနေပြီ " 

        " အေး " 

         နှစ်ယောက်သား ဆိပ်ကမ်းသို့ ဆင်းကာ အသင့်ရှိနေသော လှေငယ်လေးပေါ်တက်ကာ ပင်လယ်ကြီးဆီသို့ ဦးတည်လှော်ခတ်လိုက်သည် ။ 

        ရာသီဥတုက သာယာနေသည် ။

        " ဒီနေ့ .. ဘယ်ကျွန်းကို သွားမလဲ "

        " ခပ်ဝေးဝေးက လူမရောက်တဲ့ ကျွန်းကိုသာလှော် " 

       " ဟ .. ကိုယ်လိုလူတွေ ခြေချင်းလိမ်နေကြတာ.လူမရောက်တဲ့ ကျွန်းမှ မရှိတာ "

       " အခြားလူတွေရောက်တယ်ဆိုတာလည်း အလွယ်ရရင်သာ ယူသွားကြတာ .. အန္တရာယ်များတဲ့ ခဲရာခဲဆစ်ကိုတော့ မကြိုးစားကြဘူး .. ငါတို့ မရောက်သေးတဲ့ ကျွန်းတစ်ကျွန်းကိုသာ သွားကွာ .. အဆင်ပြေမှာပါ "

       လှေလေးကို ပုံမှန်လှော်ခတ်သွားကြသည် ။ 

       တကယ်တော့ သူတို့သည် ငါးဖမ်းမည့့်သူများ မဟုတ်ကြပေ ။ ပင်လယ်ပြင်ရှိ ကျောက်တောင်များ ပေါများရာ ကျွန်းများပေါ်သို့ သွားရောက်ကာ ငှက်သိုက်ခွာသူများ ဖြစ်ကြသည် ။

        ငှက်သိုက်ဆိုသည်မှာ ဇီဝဇိုးငှက်များ၏ အသိုက်ကို ခေါ်ခြင်းဖြစ်သည် ။

       ဇီဝဇိုးသည် ပျံလွှားငှက် အမျိုးနွယ်ဖြစ်ကာ ပျံလွှားငှက်အရွယ်သာ ရှိသည် ။

       သို့သော် သဘာဝမှာမူ မတူညီပေ ။

       ဇီဝဇိုးငှက်ကလေးများသည် အခြားငှက်များကဲ့သို့ သီးနှံ စပါး များ ၊ ပိုးကောင်များ ၊ ငါးများ ကို မစားသောက်ကြပေ ။

       ကောင်းကင်အမြင့်သို့ ပျံတက်ကာ မိုးတိမ်ညွန့်များကြား၌ လွင့်မျောပါလာသော ပရမာ မြူမှုန်လေးများကိုသာ စားကြသည် ။ 

       လေထဲမှာပင် အစာရှာကြသောကြောင့် လေထဲမှာပင် အနေများပြီး သားပေါက်ရန် ဥချသည့်အခါမှ လူမနီးသော ကျောက်တောင်များသို့ ဆင်းကာ အန်ဖတ်များဖြင့် အသိုက်ပြုလုပ်ကြသည် ။

        သူတို့အန်ထုတ်လိုက်သော ချွဲရည် အန်ဖတ်လေးများဖြင့် ပြုလုပ်ထားသော သူတို့၏ အသိုက်ကို လူတွေက ရှာဖွေယူဆောင်နေခြင်းဖြစ်သည် ။ 

        အသိုက်တစ်ခုရရန် တစ်ခါတည်း မဖြစ်နိုင်သဖြင့် အန်လိုက် ၊ ကောင်းကင်ပေါ်တက်ပြီး မြူမှုန်လေးတွေ စားလိုက် ၊ ဆင်းအန်လိုက်နှင့် ကြိမ်ဖန်များစွာ ပြုလုပ်ကြရသည် ။ 

        ထိုသို့ ပြုလုပ်ထားသော အသိုက်လေးများကို လူတို့က ခွာယူသွားပါက သားပေါက်ရန် မဖြစ်မနေ ပြန်အန်ကြရသည် ။

       သုံးကြိမ်လောက် အန်ပြီးပါက အန်ဖတ်ထဲတွင် သွေးစလေးများ ပါလာတတ်သည် ။ 

        အချို့လူများက သွေးစပါသော အသိုက်များကို မယူသော်လည်း လောဘသားများကမူ ယူဆောင်သွားကြသည် ။ 

         နောက်ဆုံးတွင် ဇီဝဇိုး ငှက်ကလေးများသည် သားပေါက်ရန် အချိန်နီးကပ်လာသော် အသိုက်မရှိလျှင် မဖြစ်သောကြောင့် သွေးအန်သကဲ့ အန်ကာ ရင်ကွဲနာကျ၍ သေကြရသည် ။ 

        ရှေးအခါက ဇီဝဇိုးငှက်သိုက်ကို သုံးစွဲရမှန်း မသိကြပေ ။

         ဆေးအဖြစ်သာ သုံးစွဲ ခဲ့ကြသည် ။

        နောက်ပိုင်းတွင် စားသုံး၍ရမှန်း ၊ စားသုံးလျှင် ခွန်အားတိုးပွားမှန်း သိသောအခါ မရမက ရှာဖွေစုဆောင်းကာ စီးပွားဖြစ်ပင် ရောင်းချလာကြသည် ။ 

        ထို့ကြောင့် ဇီဝဇိုးငှက်များမှာ.သူတို့၏ အသိုက်များကို လူမရောက်သည့် ကျောက်တောင်ထိပ်များ၌ ပြုလုပ်လေ့ရှိသည် ။ 

       မည်သို့ပင် ပြုလုပ်စေကာမူ လူတို့၏ လောဘကြောင့် အသိုက်များ ခွာယူကြရာ ဇီဝဇိုးငှက်ကလေးများမှာ အသိုက်ပြုလုပ်ရင်း သွေးအန်ကာ သေဆုံးကြရသည် ။

       အချို့က ထိုသေနေသော ငှက်ကိုပင် ယူကာ ဆေးဖက်ဝင်သည်ဟု ဆို၍ ချက်ပြုတ်စားကြသည်။

        ထိုသို့ သနားစရာကောင်းသော ဇီဝဇိုး ငှက်ကလေးများ၏ အသိုက်ကို ယူဆောင်သူ များထဲတွင် ဒီနေ နှင့် မင်းလူတို့က ထိပ်ဆုံးက ပါသည် ။

        အခြားသူများ မတက်ဝံ့သော ကျောက်တောင်များပေါ်သို့ပင် တက်ကာ ငှက်သိုက် ခွာကြသည် ။ 

        သူတို့လှေလေးသည် တရွေ့ရွေ့ဖြင့် အတော်ဝေးဝေးသို့ ရောက်ရှိသွားလေပြီ ။

        " ဒီနေ .. ဟိုးက ကျောက်တောင်တွေဆီ မရောက်သေးဘူးနော် "

        မင်းလူက ခပ်လှမ်းလှမ်းမှ ကျောက်တောင်ကြီးများကို လှမ်းပြသည် ။

        ကျွန်းငယ်တစ်ခုပင် ။

         " အေးကွ .. အဲ့ကို သွားကြည့်ရအောင် "

         ထို့နောက် လှေကို ထိုကျွန်းငယ်လေးဆီသို့ လှော်ခတ်သွားလိုက်သည် ။

        ကျွန်းလေးဆီသို့ လှေကပ်ပြီးသည်နှင့် လှေကို ကျောက်စွန်းတစ်ခုတွင် ချည်နှောင်ကာ ကျွန်းပေါ်တက်ခဲ့ကြသည် ။ 

        ကျွန်းလေးသည် လွန်စွာသေးငယ်ပြီး အလယ်တွင် ကြီးမားသော.ကျောက်တောင်ကြီးက ထီးထီးကြီး ဆီးကြိုနေသည် ။

       ကျွန်းပေါ်တွင် ကျောက်သားများချည်းမို့ သစ်ပင်များလည်း မရှိကြပေ ။

       " မင်းလူ .. ကြည့်စမ်း " 

       ဒီနေ က ကျောက်တောင်ထိပ်ပိုင်းတွင် ပျံဝဲနေကြသော ဇီဝဇိုးငှက်များကို ပြသည် ။

        " အေးကွ .. အခြေအနေ မဆိုးလောက်ဘူးကွ "

        " ဒီလိုဆိုလည်း စားသောက်ပြီး တက်ကြမယ် "

       " အေး .. "

        ထို့နောက် ပါလာသော ထမင်းထုပ်များကို ဖြေ၍ စားလိုက်ကြသည် ။

        စားပြီးသော် ခေတ္တ ထမင်းလုံးစီရင်း ကျောက် တောင်ပေါ်သို့ တက်ရောက်နိုင်မည့် လမ်းကို ရွေးချယ်ကြသည် ။

        ကျောက်သားများချည်း ဖွဲ့စည်းထားသဖြင့် ခိုတွယ်စရာ သစ်ပင်များ မရှိပေ ။ ထို့ပြင် မတ်စောက်နေသည် ။

        ကျောက်တောင်ပေါ်သို့ တက်ရန် လမ်းမရှိသဖြင့် အစဉ်ပြေသော လမ်းကို ရွေးချယ်ကာ သံစူးများ ၊ ကြိုးများ ၊ တူများဖြင့် ခက်ခက်ခဲခဲ တက်ကြရသည် ။

        သူတို့အတွက် ကျွမ်းကျင်သောအလုပ်မို့ အခက်အခဲအနည်းငယ်နှင့်အတူ တောင်ထိပ်ပေါ်သို့ ရောက်ခဲ့ကြသည် ။

        တောင်ထိပ်ပေါ်ရောက်သော် နေရာတစ်ခုတွင် အထုပ်များချကာ ငှက်သိုက် ခွာကြသည် ။

       ကျောက်ခွက်လေးများ ၊ ကျောက်စွန်းလေးများ ၊ တောင်းကမ်းပါးယံများတွင် ရှိနေသော ငှက်သိုက်များကို သံစူးချွန် ၊ ခက်ရင်းတို့ဖြင့် စိမ်ပြေနပြေ ခွာရသည် ။

        ဒီနေ နှင့် မင်းလူတို့ တစ်ယောက်တစ်နေရာစီ ရှာကြသည် ။ 

       ဇီဝဇိုးငှက်ကလေးများသည် သူ့တို့၏ သိုက်မြုံလေးများကို ရက်စက်စွာ ခွာယူနေသော လူသားများကို ကောင်းကင်ထက်မှ ပျံဝဲရင်း ကြည့်နေရှာသည် ။

       နှစ်ချက်တီးသော် မူလနေရာသို့ ပြန်လာကာ ထမင်းစားကြသည် ။

       ငှက်သိုက်များလည်း အတန်အသင့် ရနေပြီ ။

       " ဘယ်လိုလဲ မင်းလူ "

       " ဒီတောင်ပေါ်ကို လူတွေရောက်တယ်ထင်တယ်ကွ "

       " ဘာလို့လဲ "

       " ငါခွာတဲ့ ဖက်က ငှက်သိုက်တွေက သွေးမျှင်စလေးတွေ ပါနေတယ် "

       " အေး .. ဟုတ်တယ်ကွ .. ငါလည်း တွေ့တယ် .. ဒီမှာလေ "

        ဒီနေက ပြောပြောဆိုဆို အိတ်ထဲမှ ငှက်သိုက်တစ်ခုကို ထုတ်ပြလိုက်သည် ။

       " ဟာ .. ဒီနေ. . မင်းက သွေးစပါတဲ့ ငှက်သိုက်တွေလည်း ယူတာပဲလား "

       " အေးလေ .. မင်းက မယူဘူးလား "

       " မယူဘူး .. ခု မင်းယူလာတဲ့ ငှက်သိုက်ကို လုပ်ရတဲ့ ဇီဝဇိုးငှက်လေးက နောက်တစ်ခါ ထပ်လုပ်ရရင် သွေးအန်ပြီး သေတာကွ "

       " မင်းကွာ .. ငှက်သိုက်လာခွာပါတယ်ဆိုမှ တရားပေါက်နေသေးတယ် .. ငှက်သိုက်တွေ့လျက်နဲ့ မယူမှတော့ ဘာလို့ ဒီအလုပ်လုပ်နေမလဲ "

      " လုပ်တာလည်း လုပ်တာပေါ့ကွာ .. ဒါပေမယ့် ... "

       " တော်ပါကွာ .. အခုလောလောဆယ် ငါ့မိန်းမ မီးဖွားဖို့အတွက် ငွေလိုနေတယ်ကွ .. ဘာပဲဖြစ်ဖြစ် ယူရမှာပဲ .. မင်းမခွာခဲ့တဲ့ ငှက်သိုက်တွေကိုလည်း ပြီးရင် ငါသွားခွာမယ် "

        " ဒီမှာ ဒီနေ .. မင်းမိန်းမလည်း မီးဖွားရမှာ ... ဇီဝဇိုးငှက်ကလေးတွေလည်း သူတို့ သားပေါက်ဖို့ အသိုက်လုပ်ရတာပါကွာ .. ကိုယ်ချင်းစာကြည့်ပေါ့ "

        " မင်းက ငှက်ကလေးတွေကို အဲ့လောက်တောင် သနားနေလျက်နဲ့ ဘာလို့ ငှက်သိုက်လာရှာတာလဲ "

        " မဟုတ်ဘူးကွာ .. ငါပြောချင်တာက ယူလည်း ယူပေါ့ .. ဒါပေမယ့် သွေးစ ပါလာတဲ့ ငှက်သိုက်လေးတွေကိုတော့ ရှောင်ပေးဖို့ ပြောတာပါ "

        " ကြံကြံဖန်ဖန်တွေ လျှောက်တွေးမနေနဲ့ မင်းလူ .. သတ္တဝါတစ်ခု ကံတစ်ခုပေါ့ကွာ .. ဘာတတ်နိုင်မှာလဲ .. ကိုယ်လည်း ဝမ်းစာအတွက် မလုပ်မဖြစ်လို့ လုပ်နေရတာ .. တိရစ္ဆာန် တွေပဲကွာ .. ဘာမှ မသိပါဘူး .. သေသွားတော့လည်း စောစောစီးစီးကျွတ်သွားတာပေါ့ "

        ဒီနေ ၏ တယူသန်ပြောစကားကြောင့် မင်းလူ သက်ပြင်းချလိုက်သည် ။

        ဒီနေ သည် တဇွတ်ထိုး တဇောက်ကန်းသမား ။

       " တိရစ္ဆာန်တွေ ဘာမှမသိဘူး ဆိုပေမယ့်လည်း သူတို့က လူတွေကို ကျိန်ဆဲနေကြမှာ .. လူတွေက နားမလည်လို့သာ "

       " ဘယ်လို ကျိန်ဆဲတာလဲ ရှင်းပါဦး မာဂဓ ပညာရှင်ကြီးရဲ့ "

       ဒီနေ က ခပ်ငေါ့ငေါ့ မေးလိုက်သည် ။

       " သူတို့က သူတို့အသိုက်အမြုံကို ဖျက်စီးတဲ့ လူတွေကို သူတို့လိုပဲ အသိုက်အမြုံ ပျက်စီးပါစေ .. သူတို့ သွေးအန်သေရသလို သွေးအန်သေပါစေ .. သူတို့ .. "

        " တော် တော် မင်းလူ .. ထင်ရာတွေ လျှောက်ပြောမနေနဲ့ .. အချိန်မရှိတော့ဘူး .. ငါ့မိန်းက မီးဖွားခါနီးနေပြီ .. အစောပြန်မှ ဖြစ်မယ် "

       ထိုသို့ပြောကာ အိတ်တစ်လုံးယူ၍ မနက်ပိုင်းက မင်းလူ သွားသော နေရာသို့ ထွက်သွားသဖြင့် မင်းလူလည်း အခြားနေရာသို့ သွားလေသည် ။

        ဒီနေ သည် သူပြောသလိုပင် မင်းလူ မခွာဘဲ ချန်ထားခဲ့သော သွေးစမျှင်လေးများ ပါနေသော ငှက်သိုက်များကို ရှာဖွေကာ ခွာယူလာခဲ့သည် ။

        သို့ဖြင့် ခပ်စောစောလေး အိမ်သို့ ပြန်ခဲ့ကြသည် ။

        ငှက်သိုက်များလည်း ကျေနပ်လောက်အောင် ရခဲ့သည် မဟုတ်ပါလား ။

       အိမ်ရောက်တော့ ငှက်သိုက်များကို ဒီနေအိမ်တွင် စုထားသည် ။ တစ်ပတ်တစ်ခါ မြို့မှလာသော ကုန်သည်များထံ ရောင်းချရန် စုထားခြင်းဖြစ်သည် ။

        ရောင်းချပြီးပါမှ ရသော ပိုက်ဆံကို နှစ်ယောက် ခွဲယူကြသည် ။

        

        ညနေပိုင်းရောက်တော့ ပင်လယ်မှ ပြန်လာကြသော လူများဖြင့် ရွာကလေးမှာ သက်ဝင်လှုပ်ရှားလာသည် ။

        တစ်နေ့ပြီးတစ်နေ့ ထိုသို့ လည်ပတ်နေရသော သူတို့ဘဝများမှာ နာရီကြီး တစ်လုံးလိုပင် ။

        ဓာတ်ခဲ မကုန်သ၍တော့ စက်ဝိုင်းကြီးကို ကြိမ်ဖန်များစွာ လည်ပတ်နေရမည်မှာ မလွဲမသွေပင် ဖြစ်သည် ။

        

                   *********


         " ကိုဒီနေ .. ကိုဒီနေ .. "

         ဒီနေ မနိုးသေး ။

         " အား .. ကျွတ် .. ကျွတ် .. နာလိုက်တာ ... ကိုဒီနေ "

         " ဟင် .. "

         " ဘာလဲ မိန်းမ "

         " ကျွန်မ မွေးတော့မယ်ထင်တယ် .. အား .. နာလိုက်တာ "

        ဒီနေ မီးခွက်ကို စမ်း၍ ထွန်းလိုက်သည် ။

        " ငါဘာလုပ်ပေးရမှာလဲ မိန်းမ "

        " ရှင်ဘာလုပ်တတ်မှာလဲ .. ရွာလယ်က ဒေါ်ဝိုင်းကို ခေါ်ပေးပါ "

        " ညနက်သန်းခေါင် မိန်းမရယ် "

        " ခေါ်ပေးပါရှင် ကျွန်မ မွေးတော့မယ် .. အား .. "

        ဒီနေလည်း မနေသာတော့ဘဲ မီးအိမ်တစ်လုံးဆွဲကာ အိမ်ထဲမှ ထွက်လာရသည် ။

        အပြင်တွင် မှောင်မိုက်နေသည် ။

        တစ်ရွာလုံး အိပ်မောကျနေချိန်မို့ အရာ အားလုံး တိတ်ဆိတ်နေသည် ။

        ရွာလယ်ပိုင်းရှိ လက်သည် ဒေါ်ဝိုင်းအိမ်သို့ အမြန် သွားရသည် ။

        " ဒေါ်ဝိုင်း .. ဒေါ်ဝိုင်း .. "

        " ဟေ့ . ညကြီးမိုးချုပ် ဘယ်သူလဲကွ "

        ဦးဘချို အသံ ။ အိမ်ထဲတွင် မီးထွန်းနေသည်ကို တွေ့ရပြီး ဦးဘချို ထလာသည် ။

         " ဘကြီးချို .. ကျွန်တော် ဒီနေပါ .. ကျွန်တော့်မိန်းမ ဗိုက်နာနေလို့ ဒေါ်ဝိုင်းကို လာခေါ်တာပါ "

        " ခက်တာပဲ ဒီနေ .. မိဝိုင်းကို စန်းကြည်မ ဗိုက်နာနေလို့ လာခေါ်သွားတယ် "

       " ရွာတောင်ပိုင်းက စန်းကြည်မလား "

       " ဟုတ်တယ် .. အဲ့ကိုလိုက်သွားလိုက် ညနေကတည်းက လာခေါ်သွားတာ .. ခုလောက်ဆို မွေးပြီးလောက်ရောပေါ့ "

        " ဟုတ်ကဲ့ .. ကျွန်တော်လိုက်ခေါ်လိုက်ဦးမယ် "

        " အေး အေး "

        ရွာတောင်ပိုင်းသို့ ပြေးရသည် ။ မိန်းမက အိမ်မှာ လူးလှိမ့်နေပြီလားမသိ ။

        စန်းကြည်မတို့ အိမ်ထဲတွင် မီးရောင်တွေ့လိုက်ရသည် ။

        " ကိုသာအေး .. ကိုသာအေး "

         မီးနေသည်ရှိသဖြင့် အပေါက်မှ ခပ်အုပ်အုပ်ခေါ်လိုက်ရာ ကိုသာအေး ထွက်လာသည် ။

       " ဟာ .. ဒီနေ .. ဘာကိစ္စလဲကွ "

       " ဒေါ်ဝိုင်းရှိတယ်မလား "

       " အေး .. ငါ့မိန်းမ မွေးနေလို့ကွ "

       " ခဏလောက် ခေါ်ပေးပါဗျာ "

       " အေး "

        ကိုသာအေး အိမ်ထဲပြန်ဝင်သွားပြီး ဒေါ်ဝိုင်းကို ခေါ်လာသည် ။

        " ဒေါ်ဝိုင်း .. ကျွန်တော့်မိန်းမ ဗိုက်နာနေလို့ မွေးတော့မယ်ဗျ "

        " ကြာပီလား "

        " ကြတော့ မကြာသေးပါဘူး "

        " ဒါဆို နင်ပြန်နှင့်ပြီး မီးဖိုဖို့ ထင်းတွေဘာတွေ အဆင်သင့် လုပ်ထား .. ငါက ဒီမှာ ကိစ္စမပြတ်သေးဘူး .. ပြီးတော့မှာပါ .. ပြီးတာနဲ့ ငါချက်ချင်း လိုက်လာခဲ့မယ် "

       " မြန်မြန်တော့ လုပ်ပါဗျာ "

       " အေးပါ "

       ထို့နောက် အိမ်သို့ အပြေးပြန်ရပြန်သည် ။

       ဒီနေတစ်ယောက် အိမ်နှင့် မလှမ်းမကမ်းသို့ ရောက်သည်နှင့် မျက်လုံးပြူးသွားသည် ။

        " ဟာ .. မီးတောက်ကြီးပါလား .. ငါ့ . ငါ့ အိမ်ကများလား "

        ကြီးမားသော မီးတောက်ကြီးကို မြင်လိုက်ရ၍ အမြန်သွားကြည့်ရာ သူ့အိမ်အား မီးလောင်နေခြင်းပင် ။

        " ဟာ .. မိန်းမ .. မိန်းမ .. "

        မီးတောက်များကြားတွင် အော်ဟစ်ရုန်းကန်နေသော သူ၏ ဇနီးကို လှမ်းမြင်ရသဖြင့် အပြေးသွားကာ ကူညီမည်အပြု ခလုတ်တိုက်ကာ လဲကျသွားသည် ။

        " ကိုဒီနေ ရေ .. ကျွန်မကို ကယ်ပါဦး .. ရှင်သားလေးလည်း မီးထဲမှာ .. ကျွန်မတို့ကို လာကယ်ပါဦး .. "

        အော်သံကြောင့် ပြန်ထမည်အပြု ရင်ဘတ်ထဲမှ အောင့်တက်လာကာ ထိုးအန်လိုက်သည် ။

        " ဝေါ့ .. "

        သူအန်လိုက်သည်က သွေးပွက်များ ဖြစ်နေသည် ။ 

        " ဟင် .. သွေး .. သွေးတွေ .. "

         လူတစ်ကိုယ်လုံး နုံးချိသွားကာ ပြန်မထနိုင်တော့ပေ ။

         ထိုစဉ် သူ၏ နားထဲ၌ အသံတစ်ချို့ ကြားလိုက်ရသည် ။

        " ငါတို့ အသိုက်အမြုံကို ပျက်စီးသလို အသိုက်အမြုံတွေ ပျက်စီးပါစေ .... "

        " ငါတို့ ဒုက္ခရောက်သလို ဒုက္ခ ရောက်ပါစေ ... "

       " ငါတို့ သားပေါက်ခွင့်မရသလို ကလေးမွေးခွင့် မရပါစေ ... "

        " ငါတို့ သွေးအန်သေသလို သွေးအန်သေပါစေ ... "

        ထူးဆန်းသော ထိုအသံများကြောင့် ဒီနေ တုန်လှုပ်သွားမိသည် ။

        ထိုအသံများသည် ပျောက်ကွယ်မသွားဘဲ ထပ်ခါထပ်ခါ ကြားနေရကာ ခဏအကြာတွင် ကောင်းကင်ထက်၌ ပျံသန်းနေသော ငှက်အများအပြားကို မီးတောက်မှ အလင်းရောင်ဖြင့် မြင်လိုက်ရသည် ။

        " ဟင် .. ဒါ .. ဒါ .. ဇီဝဇိုးငှက်တွေ ... "

        " ဇီဝဇိုးငှက်တွေ ကျိန်စာတိုက်နေတာ .. "

        " မဟုတ်ဘူး .. မဟုတ်ဘူး .. မိန်းမ ... မိန်းမ. . "

        အားကုန် အော်ဟစ်လိုက်သည် ။

        " ကိုဒီနေ .. ကိုဒီနေ .. ဘာဖြစ်နေတာလဲ "

       ထိုအခါမှ ဒီနေ အိမ်မက်မက်နေမှန်း သိလိုက်ရသည် ။

        တစ်ကိုယ်လုံး ချွေးများရွှဲနေပြီး စိုးရွံ့ထိတ်လန့်မှုမှာမူ မပျောက်သေးပေ ။

         " ကိုဒီနေ .. ဘာဖြစ်တာလဲ "

         " အိမ်မက်မက်နေတာပါကွာ "

         " ဘာအိမ်မက်မို့ ဒီလောက်တောင် အော်ရတာလဲ "

         အိမ်မက်အကြောင်းကို မပြောပြချင်ပေ ။

        " မိန်းမ "

        " ပြောလေ "

        " ငါလေ .. အရင်က ဇီဝဇိုးငှက်ကလေးတွေရဲ့ သွေးစတွေအန်ထားတဲ့ အသိုက်တွေကို ယူလာခဲ့မိတယ် .. မင်းလူက တားပါသေးတယ် .. ငါက လက်မခံဘဲ ယူလာခဲ့တာ ...

        အဲ့ဒီငှက်သိုက်ကို လုပ်ရတဲ့ ငှက်ကလေးတွေက သားပေါက်ခွင့်လည်း မရ .. အသိုက်အတွက် အန်ရရင်းနဲ့ သွေးအန်ပြီးသေကြရတာ

        အခု ငါ နောင်တရသွားပြီ ... 

        အဲ့လိုငှက်သိုက်တွေ့ရင် ငါဘယ်တော့မှ မယူတော့ဘူး ...

       ဖြစ်နိုင်ရင် အဲ့အလုပ်တောင် မလုပ်ချင်တော့ဘူး ..

       ငါတို့ဘဝက ဆင်းရဲလွန်းတော့ အဲ့ဒီအလုပ်မလုပ်ရင်လည်း ထမင်းစားရမှာမဟုတ်ဘူး "

       ဒီနေပြောသမျှကို ဇနီးဖြစ်သူက ငြိမ်သက်စွာ နားထောင်နေသည် ။

       " ကောင်းပါတယ်ရှင် .. ရှင်ပြောသလို စားဝတ်နေရေးက ရှိနေသေးတော့ အခက်သား .. လုပ်တဲ့အခါ ကိုယ့်ကိုယ်ကျိုးတစ်ခုတည်းကို မကြည့်ဘဲ မျှမျှတတ လုပ်နိုင် အောင် ကြိုးစားဖို့ပဲ ရှိတာပေါ့ ...

        ဒီအကြောင်းတွေ တွေးမနေနဲ့တော့ .. စိတ်ကို ဖြူဖြူထား .. ပြန်လိုက်အိပ်ဦး .. မိုးမလင်းသေးဘူး "

        ဇနီးသည်စကားကို နားထောင်ရင်း အိမ်မက်ထဲမှ ဇီဝဇိုးငှက်များ၏ ကျိန်စာတိုက်သံကို ကြားယောင်မိနေသည် ။


                                    #ပြီး#  

                           ############

                           Thank For Read 

#Credit

သရဲတစ်ကောင်ရဲ့နောက်ဆုံးဘ၀,;;;



ရာသီက မိုးဥတု။ ကျောက်ကုန်းရွာ တစ်ရွာလုံး ကောင်းကင်ပြာပြာကြီးရဲ့ အောက်မှာ ငြိမ်သက်လျက်..

တစ်ရွာလုံးမှာမှ ထူးထူးခြားခြား မီးရောင်လေး လင်းနေတာက ကိုဘဦးရဲ့ အိမ်။ ကိုဘဦးတို့ လင်မ

ယားက မရှိဆင်းရဲသူ၊ ဆင်းရဲသားပီပီ ရ သမျှ အလုပ်ကို လုပ်ကိုင်ကြရသူများ...။ သူများတွေ အိပ်ေ

မာကြနေတဲ့ အချိန်မှာတောင် ကိုဘဦး နဲ့ မနု တို့ လင်မယား မအိပ်နိုင်ကြသေး။ အခုလည်း ဘုရားပွဲ

အတွက် အသားငါး မ၀ယ်နိုင်၍ ၀က်သားရရန်အတွက် ၀က်သားကိုင် သွားဖို့မအိပ်ပဲ ရှိနေကြခြင်းဖြစ်

သည်။


“မနု ဓါတ်မီး အားရှိလားဟ..”

“ရှိတယ်လေ ကျုပ် ဓါတ်ခဲ အသစ်တစ်စုံ ၀ယ်ထည့်ထားတယ် .. ဒီမှာ လိုအပ်တဲ့ ပစ္စည်း အကုန်ထ

ည့်ထားတယ်..”

“အေး အဲဒါဆိုပေး ငါသွားတော့မယ်...”

ကိုဘဦး တစ်ယောက် လွယ်အိတ်ကလေး လွယ်ပြီး တောင်ဘက်ရွာကို ၀က်ကိုင်သွားလေသည်။တေ

ာင်ဘက်ရွာနဲ့ မြောက်ဘက်ရွာ ဆိုတာ သိပ်မဝေးလှ...။ ကြားထဲမှာ ဘုန်းကြီးကျောင်း တစ်ကျောင်းနဲ့

စာသင်ကျောင်းတစ်ကျောင်း... အဲဒီရဲ့ ဘေးမှာတော့ လယ်ကွင်းပြင်ကြီးတစ်ခု...။ လမ်းတစ်လျှောက်

မှာတော့ အုံ့ဆိုင်းနေတဲ့ သစ်ပင်ကြီးတွေက အများသား...။ အဲဒီ အပင်တွေထဲကမှ သုံးပင်တွဲ တမာပ

င် နဲ့ ကုက္ကိုပင် က သရဲခြောက်တဲ့ နေရာမှာ နာမည်ကြီး အပင်များ...။


 ကိုဘဦး ရွာထဲက ထွက်တဲ့ အချိန်မှာတော့ ခွေးအူတဲ့ အသံကြီးကလွဲ၍ ဘာမှ မထူးခြား...။ ကိုဘဦး

တစ်ယောက် ခွေးအူသံကို သတိမထားနိုင်...။ တစ်ယောက်တည်း လေလေးချွန်လိုက်၊ သီချင်းလေး

ဆိုလိုက်နဲ့ သွားလေပြီ...။ ရွာ့အပြင်ဘက်ရောက်တဲ့အခါမှာတော့ လေတိုက်နေတာကို တွေ့လိုက်ရေ

လသည်။ တဖြည်းဖြည်းနဲ့ နာမည်ကြီး တမာပင် သုံးပင်ကို ရောက်လာလေပြီ...။ မကြောက်တတ်တဲ့

ကိုဘဦး ထူးထူးခြားခြား ကြက်သီး တဖြန်းဖြန်းထသွားလေသည်... ဘာကြောင့် ဆိုတာတော့ မသိ။

နာမည်ကြီး တမာပင် သုံးပင်ကို ကြက်သီးထထနဲ့ သေချာ ကြည့်လိုက်သည်...။ အမှောင်ထဲဆိုတော့

တမာပင်ကြီး သုံးပင်က ကြောက်မက်ဖွယ်ရာ...။ နောက်တော့ ကိုဘဦးတစ်ယောက် ရှေ့ဆက်ပြီးသွ

ားလိုက်ပါသည်...။ သွားရင်း သွားရင်းနဲ့ နာမည်ကြီး ကုက္ကိုပင်ကြီးနဲ့ နီးလာပေပြီ... သူ ဂရုတစိုက်နဲ့

သွားလိုက်တော့ သူနဲ့ မလှမ်းမကမ်းက လူတစ်ယောက်ကပ်ပါလာသလို ခံစားမိလေသည်။ ကြက်သီ

းကလည်း တဖြန်းဖြန်း ထလို့နေပါသည်...။ သူ ခြေသံကို ကြားတော့ နောက်ကို လှည့်မကြည့် ဖြည်း

ဖြည်း လျှောက်ရင်း နားစွင့်လိုက်တော့ ခြေသံကလည်း ခပ်ဖြည်းဖြည်း...၊ သူ မြန်မြန်လျှောက်ကြည့်

တော့ ခြေသံက ခပ်မြန်မြန်...။ ရပ်ပြီး နားစွင့်လိုက်တော့ ခြေသံက ငြိမ်လို့... သူ နောက်ကို လှည့်ကြ

ည့်ပြီး ဓါတ်မီးနဲ့ လှည့်ပတ်ထိုးလိုက်ပါသည်...။ ဘာကိုမှ မတွေ့ရ သူနဲနဲ လန့်တော့ လာလေပြီ...။ ရပ်

နေလို့ကလည်း မဖြစ် ရှေ့နည်းနည်း ဆက်တိုးလိုက်လျှင် ကုက္ကိုပင်ကြီးကို ရောက်တော့မည်...။ တချ

က်ချက် ခွေးအူသံတွေက နားထဲ ရောက်ရောက်လာပါသည်...။သူ နောက်ပြန်လှည့်ရင် ကောင်းမလ

ား စဉ်းစားမိလိုက်တော့ ဘုရားပွဲမှာ ချက်ဖို့ အသားက လိုအပ်နေပြန်တော့ ပြန်လှည့်လို့က မဖြစ်..တ

ချက်တချက်မှာ ကလေးငိုသံလိုလို ၊နေမကောင်းတဲ့သူ တစ်ယောက်ငြီးနေသလိုလိုက ကြားမိသေး..

အဲတော့ ကိုဘဦး ကြောက်သည်မှာ မဆန်းတော့...။


ကိုဘဦးတစ်ယောက် ကုက္ကိုပင်ကြီးအောက် ရောက်တော့ စက်ဘီးတစ်စီး လာနေတဲ့ အသံကို ကြား

၍ အားကိုးတကြီး အဖော်ရပြီ ဆိုတဲ့ အတွေးနဲ့ နောက်လှည့်ပြီး ရှောင်ပေးလိုက်တော့ ဘာမှမရှိ၊ ငြီး

သံက တဖြည်းဖြည်း ကျယ်လာပြီ...။ သူ ချွေးစေး တွေ ပြန်လာပြီ... အဲဒီ နောက်တော့ ဖိနပ် ကို

ကုန်းကောက်ပြီး တောင်ဘက်ရွာသို့ အတင်းပြေးလေသည်။ သူ့ပြေးတဲ့ နောက်က ထပ်ကြပ်မကွာ

လိုက်လာတဲ့ ခြေသံ တစ်ခုကိုလည်း ကြားနေမိပါသည်...။ ကိုဘဦးကတော့ ရွာထဲ ရောက်တဲ့ အထိ

အမော တကော ပြေးလေသည်။ ရွာထဲကို ခြေချမိမှ အသံကလည်း တိတ်သွားသည်။ သူ ကြောက်

ကြောက်နဲ့ နောက်ကို လှည့်ကြည့်လိုက်တော့ ဆံပင်စုတ်ဖွားဖွား ၊ မျက်လုံးပြူးပြူး နဲ့ ပါးစပ်ကလည်း

အစာစားချင်တဲ့ ပုံစံနဲ့... ကိုဘဦး အရမ်းလန့်ပြီး ၀က်ကိုင်မဲ့ အိမ်ကို ပြေးလေပြီ...ဟိုအိမ်လည်း ရော

က်ရော ကိုဘဦးက အမူအယာတွေ ပျက်နေလေပြီ...။ မျက်လုံးကြီးက ကြောက်စရာ ကောင်းလော

က်အောင် ပြူးပြီး၊ ပါးစပ်ကလည်း တဘောက်ဘောက် နဲ့ ဗလုံးဗထွေး ထွက်လာတဲ့ အသံကလည်း

ကြောက်စရာ..

“ငါ့ကို ကျွေးစမ်း ငါမစားရတာ ကြာပြီ ငါ့ကို အဲဒီ အသားကျွေးစမ်း..”

ဘေးကလူတွေကလည်း ကိုဘဦး နောက်နေတယ်လို့ပဲ ထင်ကြပါတယ်...။ အဲဒါကြောင့် ကိုဘဦးကို

ပြန်စတဲ့ သဘောနဲ့ ၀က်သားတုံးကြီး ပစ်ပေးလိုက်ပါသည်...။ ကိုဘဦးလည်း အငမ်းမရ ဖမ်းပြီး စားေ

နပုံက ကြောက်မက်ဖွယ်ရာ...။ကိုဘဦးရဲ့ နဂို ပုံစံက ပျောက်နေပြီ...။စားရင်းတန်းလန်း “နင်တို့ အား

လုံးကို ငါသတ်အုံးမှာ... ငါ့ကို မသေပဲ မြေမြှုတ်ထားတဲ့ နင်တို့တွေကို ငါစားအုံးမှာ .... ဟား...ဟား..

ဟား....” ရယ်နေတဲ့ ပုံကလည်း ကြောက်မက်ဖွယ်ရာ အတိ။

“ကိုဘဦး ခင်ဗျား ဘာဖြစ်တာတုန်း ကျုပ်တို့ကို ပြောအုံးလေ..”

“ဘာ ဘဦးတုန်း ငါ ဘဦးမဟုတ်ဘူး.. ငါ့နာမည် သဲဝါ... ဟား..ဟား...ဟား... ဟီး..ဟား..ဟား..”

ပုံစံက သရဲ တကောင်အလား...ဘေးက လူတွေ စပြီး ကြောက်လာကြပေပြီ...။ ၀က်ကိုင်လာတဲ့ အ

ထဲက တစ်ယောက်က သူ သရဲ၀င်ပူးနေတာကွ...။ ဦးသာခိုကို အမြန်သွားခေါ်ကြ...။ ဘေးက လူတွေ

လည်း အမြန်ပြေးကြလေပြီ...။


ခဏနေတော့ ပြေးခေါ်တဲ့ လူတွေနဲ့ ဦးသာခိုပါလာပါသည်။

“အားလုံးဖယ်ကြစမ်း... ငါကြည့်စမ်းမယ်...” ဦးသာခို ပြောလိုက်ပါသည်...

အားလုံးလည်း အားကိုးတကြီးနဲ့ကြည့်ပြီး ဘေးကို ဖယ်ပေးလိုက်ပါသည်...။

ကိုသာဦး တဖြစ်လဲ သရဲမ မသဲဝါကတော့ အငမ်းမရ ၀က်သားတုံး သွေးတရဲရဲကို စားတုန်း..။ အောင်

တင် ရေသန့်သန့် တစ်ခွက် ခပ်ခဲ့စမ်း.။

“ ရပါပြီ ဆရာ...” ကိုအောင်တင် ရေတစ်ခွက် လှမ်းပေးလိုက်ပါသည်။

ဦးသာခို ရေခွက်ကို လှမ်းယူပြီး ပါးစပ်ကလည်း ရွတ်ဖတ်နေတယ် ဆိုတာ သိသာလွန်းလှပါတယ်...။

နောက်တော့ ရေမန်းခွက်ကို တိုက်လိုက်ပါသည်...။ မသဲဝါ ရေခွက်ကို ပုတ်ချလိုက်ပြီး...

“ဟား..ဟာ း...ဟား... ဒီဆရာလောက်တော့ အေးဆေးပဲ... အသေသတ်မယ် ဒီဆရာကိုလည်း.. ” မ

သဲဝါ ပွဲကြမ်းလေပြီ...။ ဘေးက လူတွေကိုလည်း ဆွဲပြီး ဂုတ်ခွ စီးလေပြီ...။ အဲလို ကြမ်းလာပြီဆိုတော့

ဦးသာခို လုပ်မှ ရတော့မည်...။ သူ့ရဲ့ အစွမ်းနဲ့ သရဲမကို ချုပ်လိုက်လေသည်...။ အဲဒီအချိန်မှာတော့ သ

ရဲမက ကိုသာဦးရဲ့ ခန္ဓာကိုယ် မှ ခွါလိုက်ပါသည်။ ဆရာက ချုပ်လိုက် သရဲမက ခွါလိုက်နဲ့ ဦးသာခို ဒီသ

ရဲမကို မနိုင်တော့ပြီ...။


အဲနောက်တော့ ဦးသာခို သူ့ဆရာကြီး ဦးဖိုးမောင်ကို သွားခေါ်ခိုင်းလိုက်ပါသည်။ မကြာမှီမှာပဲ ဦးဖိုးမေ

ာင် ရောက်လာပြီး သရဲမကို ချုပ်လိုက်ပါသည်...။ သရဲမလည်း ငြိမ်လို့ ...။ အထက်လမ်း ဆရာဆိုတာ

သရဲ၊ တစ္ဆေ၊ စုန်း.. စတဲ့ အရာတွေ ကို သတ်ခွင့်မရှိ...။ အဲတော့ ဘေးကလူတွေကို မျက်စပြစ် ပြလို

က်ပါသည်...။ ဘေးကလူတွေလည်း သရဲမကို ဝုိင်းပြီး ရိုက်ကြလေပြီ...။ သရဲမလည်း ...


“ ဆရာကြီးရယ် ကြောက်ပါပြီ.. နောက်မလုပ်တော့ပါဘူး...” ငိုယိုပြီး တောင်းပန်ရှာလေသည်...။

“အေး ဒါဆို ဘာလို့ ဒီထိ လိုက်လာရတာလဲ ပြောစမ်း...”

“အစာ စားချင်လို့ လိုက်လာတာပါ... ”

“နောက် ဒါမျိုးလုပ်အုံးမလား ပြောစမ်း...”

“ မလုပ်တော့ပါဘူး...”


ကိုင်း မင်းတို့တွေ သိချင်တာ ရှိရင် မေးနိုင်တယ် မေးကြ... ဦးဖိုးမောင်ဘေးက လူတွေကို မေးခွင့်ပြုလို

က်ပါသည်။ အဲလို မေးခွင့်ပြုတော့ ကိုအောင်တင် မေးလေပြီ...

“သရဲမ နင်ဘယ်ကနေ လိုက်လာတာလဲ ပြောစမ်း...” ကိုအောင်တင် မေးလိုက်တော့ မျက်လုံးကြီးပြူး

ပြီး မထီမဲ့မြင် လုပ်နေပုံက မြင်ရသူ အားလုံး မျက်နှာ လွှဲထားရတဲ့ အဆင့်ထိ...။

“ဟဲ့.. နင့်ကို မေးနေတာ ဖြေလိုက်လေ...” ဦးဖိုးမောင် ပြောလိုက်မှ...

“ ရွာမြောက်ဘက် စာသင်ကျောင်းဘေးက ကုက္ကိုပင်ကြီးမှာ နေပါတယ်...”

“ အဲဒီ အပင်ကြီးမှာ နင်ဘာလို့ နေရတာလဲ... နင် တစ်ကောင်ပဲ နေတာလား...”

“ မဟုတ်ပါဘူး.. သရဲလေးတွေရော၊ သရဲကြီးတွေရော၊ သရဲမတွေရော အားလုံး ကုက္ကိုပင်ကြီးနဲ့ တမာ

ပင် သုံးပင်မှာ နေကြတာပါ...”

“နင် အဲဒီမှာ နေတာ ကြ ာပြီလား..”

“ ကြာပြီ အစက သုဿန်ဘေးက တမာပင်ကြီးပေါ်မှာ နေတာပါ... အဲဒီ အပင်ကြီးကို ပိုင်ရှင်က မူးမူး

ပြီး သေးနဲ့လည်း ပန်းပါတယ်...။ တမာပင်ကြီးကို သံမှိုလည်း လာလာရိုက်ပါတယ်...။ အဲဒါကြောင့် နေ

မရလို့ ဒီ အပင်ကြီးကို ရွှေ့လာတာပါ...”။


“ နင် ဘယ်လို လူမျိုးကို ကြောက်လဲ...”

“ နွားကျောင်းသားနဲ့ ဘုန်းကြီး တွေကို ကြောက်ပါတယ်...။ နွားကျောင်းသားတွေက လက်သရမ်းပါတ

ယ်..။ ခွနဲ့ လျှောက်လျှောက်ပစ်လို့ပါ... ဘုန်းကြီးတွေက သင်္ကန်းပါတော့ သူတို့ လက်ရမ်းသွားတဲ့ အခါ

မျိုးမှာ တိုက်မိရင် ငါတို့ ခံရတယ်...”

“ငါတို့ ခြောက်လှန့်တဲ့ အခါမျိုးမှာ လူသားတွေက ကြောက်လန့်ပြီး ဘုရားတပြီး ၀ပ်ချ လိုက်ရင် ငါတို့ေ

တွက စကြာ၀ဠာ ကြီးရဲ့ နံရံကို သွားပြီးဦးခေါင်းနဲ့ တိုက်ခံရပါတယ်...”။

“ဘယ်လို အချိန်မျိုးမှာ နင်တို့ရှိနေတာလဲ... လူသားတွေကို နင်တို့ ရှောင်လား”

“ ငါတို့ အမြဲတမ်း လူတွေနားမှာ ရှိနေတာပဲ... လူသားတွေ နဲ့ ငါတို့ ရှောင်တဲ့အခါမှာ လူသားတွေက နွေ

းနွေး ကြီးခံစားရပြီး အလိုလို ကြက်သီးထလိမ့်မယ်.. အဲဒါဆိုရင် ငါတို့ လူတွေရဲ့ ဘေးမှာ ရှိနေတာပဲ..”


“ လူတွေ အားလုံးကို နင်ခြောက်လှန့်တာပဲလား...”

“ ဘုန်းကံ မြင့်နေတဲ့ လူတွေကို ခြောက်လှန့်လို့ မရပါဘူး... ကံနိမ့် နေတဲ့သူတွေကိုပဲ လှန့်တာပါ... လှ

န့်တယ် ဆိုတာထက် လူတွေကို နှုတ်ဆက်တဲ့ သဘောပါ...။ အဲဒါကို လူတွေက ကြောက်လန့်နေကြတ

ာပါ...”။

“ ဒါဆို အခု လှန့်ရုံ မလှန့်ပဲ ဘာကြောင့် ရွာထဲ အထိ လိုက်လာရတာတုန်း...”

“ အစာ စားချင်လို့ပါ...”

“အေး အဲဒါဆို နောက် ဒါမျိုးလုပ်အုံးမလား ငါ့ကို ပြောစမ်း”

“ မလုပ်တော့ပါဘူး...”

“ အေး နင် ဒီဘ၀က မကျွတ်ချင်ဘူးလား...”

“ မကျွတ်ချင်ဘူး ငါ့ကို မသေပဲ မြှုတ်ထားတဲ့ လူတွေရော၊ တစ်ရွာလုံးရော ကလဲ့စား ချေရအုံးမယ်..”

“အဲဒါတွေက မသိလို့ ဖြစ်ခဲ့တာပဲ သရဲမ... မင်းခွင့်လွှတ်ပေးရမယ်...၊ အဲလိုမျိုးကလဲ့စားချေရင် သံသ

ရာ ဆုံးမှာ မဟုတ်တော့ဘူး သရဲမ...”

ဦးဖိုးမောင် တစ်ယောက် မမောနိုင်၊ မပန်းနိုင် ရှင်းပြ ပြောဆို မေးမြန်းပြီး တရားဟောလိုက်တော့မှ...

သရဲမက...

“ ကျွတ်ချင်ပါတယ် ဆရာ... ငါ့အတွက် ကုသိုလ် ကောင်းမှုလုပ်ပြီး သဲဝါရေ အမျှ ၊ အမျှ ၊ အမျှ လို့ခေါ်

လိုက်ပါ... ငါ ကျွတ်သွားလိမ့်မယ်...”


ကိုင်း... အားလုံး ဘေးဖယ်ထား သရဲမ ထွက်လို့ ရအောင် ...။ အားလုံးလည်း ဘေးကို ဖယ်လိုက်ကြပါ

သည်...။ အဲဒီ အချိန်ကြမှ ဖယ်ကျ ဘေးကို ဖယ်ကျ သရဲမထွက်တော့မယ်... ဖယ်ကျလေ...။ ကိုဘဦး

တစ်ယောက် ကယောင်ကတမ်း လျှောက်ပြောနေခြင်းဖြစ်ပါသည်။


“ အဖေ၊ အမေ လာပါအုံးတော့ ဟောဒီမှာ ကိုဘဦး သတိရလာပြီ... ” မနု အဲလို ပြောလိုက်မှ အား

လုံး ပြေးလာကြပါသည်။

“ငါ့သားကြီး သတိရလာပြီ... ငါ့သားကြီး သတိရလာပြီ...”

“အမေ.. အဖေ .. ဦးဖိုးမောင်တို့ အောင်တင်တို့ ဘယ်ရောက်သွားပြီလဲ.. ကျုပ်..၀က်သားရော ရခဲ့ရဲ့လ

ား..”

“ ဘဦး မင်း ဘာတွေ ပြောနေတာလဲ အမေတို့ နားမလည်တော့ဘူး..။ ငါ့သား သတိလစ်နေတာ နှစ်ရ

က်ရှိသွားပြီ... မင်းကို သေပြီလို့ သတ်မှတ်ထားကြတာ...။ အခု ငါ့သား သတိပြန်ရလာပြီ...။”


ကိုဘဦး ဘာတွေ ပြောနေမှန်း နားမလည်နိုင်...။

“အမေ ကျုပ်က ဘာဖြစ်လို့ သတိမေ့နေတာလဲဗျ.. သေချာ ပြောပါအုံး”။

“ ဒီလို ငါ့သားရေ မင်း ဘုရားပွဲ နီးပြီ ဆိုပြီး သစ်ပင် တက်ချိုင်တာ အဲဒါ သစ်ပင်ပေါ်က ပြုတ်ကျတာေ

လ.. ပြုတ်ကျခါစက မင်းပါးစပ်က ပြောနေသေးတယ် အောင်တင်တို့ဆီ ၀က်သားသွားယူမယ် ယူမယ်

ဆိုပြီး သတိလစ်သွားတာ အခုမင်းသတိပြန်မလည်ခင် အထိပေါ့..အမေတို့က ငါ့သားကို သေပြီထင်ေ

နတာ...”။

သူ့အမေ စကားများကို နားထောင်ရင်း သူ သစ်ပင်ခုတ်ရင်း စဉ်းစားခဲ့တာတွေကို ပြန်လည်သတိရသွား

ပါသည်။ ငါ သစ်ပင် ခုတ်ပြီးရင် တောင်ဘက်ရွာကို ၀က်သား သွားမှာထားမှ ဖြစ်မယ် ဘုရားပွဲ အခါဆို

ရင် ကြိုမှာထားမှ အဆင်ပြေမှာ...။ ဘုရားပွဲ အခါမှတော့ တောင်ပိုင်းက ငဘဦးပဲ ကောင်းတယ်.. ပိုက်

ဆံ မရှိပေမယ့် ၀က်သတ်ပြီးသားကို ကူပြီး လှီးဖြတ်ပေးရင် အလကားရတာ...စဉ်းစားရင်း လက်ကချေ

ာ်ပြီး အောက်ကို ပြုတ်ကြသွားလေသည်...။ အဲဒီနောက်မှာတော့ ....


ကိုဘဦး တစ်ယောက် သတိလစ်ပြီး ဝိဥာဉ်လွင့်ကာ လျှောက်သွားရင်း သူကိုယ်တိုင် ရွာတောင်ပိုင်းက

ကိုဘဦး ဘဝရောက်ကာ.. ၀က်ကိုင်သွားရင်း သရဲမ မသဲဝါနဲ့ တွေ့ဆုံခဲ့ရခြင်းဖြစ်ပေသည်။ အမှန်တက

ယ်တော့ တောင်ဘက်ရွာက အထက်လမ်းဆရာကြီး ဦးဖိုးမောင် ဆုံးသွားတာသုံးနှစ်တောင် ရှိပြီလေ...။


အဲဒီ အကြောင်းအရာတွေ အားလုံး မိသားစုကို ပြောပြလိုက်ပါသည်။ မိဘတွေကလည်း အံ့သြ ၊ တစ်ရွာ

လုံးကလည်း အံသြလို့ နေပါသည်။ ကိုဘဦး ပြောပြခဲ့တာ ဟုတ်သည် ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ..

မိဘတွေက ကုသိုလ်ကောင်းမှုလေး လုပ်ပြီး အမျှဝေဖို့ ခွင့်ပြုလိုက်ပါသည်။ အဲဒီနောက်မှာတော့ ကိုဘ

ဦးတစ်ယောက် ကုသိုလ်ကောင်းမှုလေး လုပ်ပြီး ကုက္ကိုပင်ကြီးအောက်ကို အမျှအတန်း ပေးဝေ ပေးလို

က်ပါသည်။ တစ်ချိန်တည်းမှာပဲ ကုက္ကိုပင်ပေါ်က ကြီးမားလှတဲ့ ပုတ်သင်ညိုကြီးတစ်ကောင် ဖုတ်ကနဲ ေ

အာက်ပြုတ်ကျ လာပါတော့သည်။


ကိုဘဦးကတော့ အဲဒီ အကောင်ကြီးဟာ မသဲဝါ ဘဝပြောင်းသွားတယ် ဆိုတာကို လက်ခံ ယုံကြည်လို

က်ပါတော့သည်။ ကိုဘဦးရဲ့ မျက်နှာမှာလည်း ပီတိဖြစ်ပြီး မျက်ရည်များကျနေတယ်ဆိုတာ.............


(ကျေးလက်သားလေး)ပေ့ခ်ျမှာ ကူးယူတင်ပြသည်
 


 စုန်း!;;;;;!!


၁၉၉၀ ပြည့်နှစ်လောက်ကပေါ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရွာလေးတစ်ရွာမှာဖြစ်ပျက်ခဲ့အဖြစ်ပျတ်လေပါ … … … …


ထိန်ကြီးကုန်းဆိုတဲ့ရွာလေးမှာ အင်မတန်ဆင်းရဲလှတဲ့သားအအမိနှစ်ယောက်နေထိုင်ကြပါတယ် မိခင်ကြီး ဒေါ်သူဇာ ဟာ ရုပ်ဆိုးလွန်းလို့ရွာထဲမှာအနေမခံပဲ ရွာပြင်မောင်းထုတ်ခံထားရတာပါ ဒေါ်သူဇာဟာလည်းစုန်းအတက်တွေကို တက်မြောက်ထားတယ်လို့ရွာသားတွေကလည်းထင်နေကြတယိလေ တကယ်လည်းဒေါ်သူဇာဟာစုန်းအတက်ပညာတွေကို တက်မြှောက်ထားတဲ့သူပါ ရုပ်ရည်နဲ့လိုက်အောင် အင်မတန်မှလည်းရက်စက်ကြမ်းကြုတ်တဲ့သူမျို းပါ ဒေါ်သူဇာရဲ့ သား မိုးညိုကလည်း ဒေါ်သူဇာရဲ့ပုံစံအတိုင်းတထေရာတည်းထပ်တူကြတာပေါ့ သူတို့သားအမိဟာ ရွာထဲမှာမနေရတဲ့အတွက် ထိန်ကြီးကုန်းရွာရဲ့သုသာန်မှာ သုဘရာဇာအလုပ်ကိုလုပ်ကိုင်ရင်းအသက်မွေးရပါတယ် ရွာသားတွေကလည်း ဒေါ်သူဇာတို့သားမိအကြောင်းကိုကောင်းကောင်းသိကြတော့ ထိန်ကြီးကုန်းရွာထဲမှာ နာရေးရှိမှသူတို့သားအမိနဲ့ဆက်ဆံကြတာပါ တနေ့တော့ ရွာထဲမှာရှိတဲ့ သူဌေးကြီး ဦးမင်းခေါင်ရဲ့သမီးလေးကလျာ ဟာ ကိုယ်ဝန် မီးမဖွား နိုင်လို့အသက်ဆုံးရှုံ းရပါတယ် ဦးမင်းခေါင်ဟာ သူ့သမီးလေး ကိုအရမ်းချစ်တော့ ကလျာလေးရဲ့ရွှေငွေပစ္စည်း တွေနဲ့ ကလျာရဲ့ ကလေးကိုလည်း အခေါင်းတစ်ခုထဲမှထည့်ပီးမြေမြု ပ်ဖို့ သူလုပ်ဆောင်လုပ်ခဲ့ပါတယ် တရွာလုံးကတော့ ကလျာလေးတို့ သားအမိ ကိုသနားဂရုနာသက်နေတဲ့အချိန်မှာ ဒေါ်သူဇာနှင့် မိုးညိုတို့ သားအမိနှစ်ယောက်ကတော့ ခေါင်းတလားထဲမှာ ကလျာနဲ့အတူပါလာမယ့် ရွှေငွေပစ္စည်းဥစ္စာတွေကို မက်မောနေကြလေရဲ့ဗျ ာ ကလျာတို့သားအမိကို မြေမြု ပ်ဖို့အတွက် ထိန်ကုန်းရွာရဲ့သုသာန်လေးကိုရွာသားတွေနဲ့အတူရောက်လာခဲ့တာပေါ့ မြေမြု ဖို့အတွက် အခကြေးငွေနဲ့မိုးညိုတို့သားအမိကို အပ်နံခဲ့ပီးအားလုံးလည်းပြီးစီးခဲ့ပါပီ ကလျာတို့သားအမိကိုမြေမြုပ် ပီး ညသခေါင်ယံအချိန်မှာပဲ ဒေါ်သူဇာကြီးနဲ့မိုးညိုတို့ အစီရင်တွေပြု လုပ်ပီး ကလျာ့ ခေါင်းတလားထဲက ပစ္စည်းတွေယူဖိုကြံစည်ပါတော့တယ် ပြသနာက အခုမှစတော့မှာဗျ စွဲလမ်းတဲ့စိတ်နဲ့သေသွားတဲ့ ကလျာ ဘယ်ကျွတ်လွှတ်နိုင်မလည်းသူ့ ကလေးကိုလည်းစွဲလန်းလွန်းနေတာ ဒေါ်သူဇာတို့သားအမိ စီရင်မှုတွေပြီးတဲ့အခါမှာတော့ ကလျာ့ခေါင်းတလားထဲက ပစ္စည်းတွေယူပီပေါ့ ထိန်ကြီးကုန်းရွာလေးက သိင်္ချိ ု င်းထဲမှာလည်းခွေးအူသံတွေ နဲ့ ကလေးချော့သိပ်သံတွေကြားနေရပီ ဒေါ်သူဇာတို့ သားအမိကတော့ကြောက်ရွံ့ထိန့်လန့်မှု တစက်ကလေးမှမရှိ လောဘစောတွေတိုက်နေတာလေ ကလျာ ကဝိညာဉ်မလေးပါ ဒေါ်သူဇာတို့ သားအမိကိုလည်း ခြောက်လန့်ယုံကလွှဲပီးသူဘာမှမတက်နိုင်ခဲ့ဘူး ဒီတော့ ကလျာဆိုတဲ့ ဝိညာဉ်မလေး ထိန်ကြီးကုန်းရွာထဲဝင်ပြီးအကူညီတောငိးရတော့မယ် ရွာထဲက ခွေးတွေကလည်းအူလိုက်တာဗျာ ကြက်သီးတွေတောင်ထလောက်ပါတယ် တရွာလုံးလည်းကလေးငိုသံနဲ့ ကလျာ့ရဲ့သနားစရာ အကူညီတောင်းနေတဲ့အသံလေး ထိန်ကြီးကုန်းတစ်ရွာလုံးတော့ ကြောက်ရွံ့နေကြပီပေါ့ တရွာလုံးကြောက်ရွံ့ပေမယ့်လည်း သူဌေးကြီး ဦးမင်းခေါင်ကိုတော့ ဘယ်သူမှလွန်ဆန်၍မရ တရွာလုံးလူတွေစု ရွာထဲမှာ စုစည်းနေကြတာပေါ့ ညသန်းခေါင်ယံအမှောင်ထုကလည်း မဲမှောင်နေလောက်အောင်ဘာမှမမြင်ရ ရွာသားတချ ို့ကိုင်ထားတဲ့ မီးတုတ်တွေရဲ့အလင်းရောင်ကြောင့်သာ မှု န်ပြပြမြင်နေရာပေါ့ ဒီအချိန်မှာ အသံတွေကြားနေရပါပီ ဝိညာဉ်မလေး ကလျာ့ရဲ့အသံ '' အဖေ သမီးတို့ သားအမိနှစ်ယောက်ရဲ့ပစ္စ္ဃည်တွေကို စုန်းမကြီးဒေါ်သူဇာ တူးယူနေပီ သမီးတို့သားအမိနှစ်ယောက် မကျွတ်လွှတ်နိုင်အောင်လည်း အစီရင်တွေလုပ်ထားတယ် ကယ်ပါဦးအဖေရယ် ကယ်ပါဦ းး'' အသံတွေသာကြားနေရတာ ဘာမှတော့သဲသဲကွဲကွဲမမြင်ရ '' အဖေကယ်မယ်သမီးလေး အဖေကယ်မယ် '' ပြောပြောဆိုနဲ့သူဌေးကြီးဦးမင်းခေါင် ရွာသားတွေကိုခေါ်ပီး ထိန်ကြီးကုန်းရွာရဲ့ သိင်္ချိ ု င်းထဲကို သွားကြပီ ဒေါ်သူဇာနဲ့ညိုကြီး ကလျာ့ခေါင်းတလားဘေးမှာလောဘစောတွေတိုက်နေတာ မြင်မြင်ချင်း ဦးမင်းခေါင် ဒေါသတွေထွက်ပီး ရွာသားတွေကိုရိုက်နှက်ခိုင်းဖို့အမိန့်ပေးလိုက်တာ ရွာသားတွေလည်း တုံ့ဆိုင်းမနေတော့ပဲ ဒေါ်သူဇာတို့ သားအမိကိုရိုက်နှက်လိုက်ကြတာမသေယုံတမယ်ပါပဲ သိင်္ချို င်းထဲ လုပ်ထားသမျှ အစီရင်အားလုံးကိုဖျက်စီးပြစ်ကြတာပေါ့ဗျာ ကလျာ့ဝိညာဉ်လေးကတော့ငြိမ်းချမ်းခွင့်ရသွားတာပေါ့ ဒါနဲ့ဇာတ်လမ်းကမပြီးဆုံးသေးပါဘူးးး အငြို းတွေအာဃာတတွေကို ထိန်ကြီးကုန်းရွာသားတွေအပေါ်ကို စုန်းမကြီးဒေါ်သူဇာတို့သားအမိက လက်စားချေလို့သဖြင့်နောက်တနေ့ညသန်းခေါင်ယံအချိန်မှာပဲ ကလျာတို့သားမိ အလောင်းကိုချက်ချင်းပြန်တူးပါတော့တယ် ခွေးတွေကလည်းကြောက်စရာကောင်းလောက်အောင်အူနေလိုက်တာဗျ ာ ကြားရသူအဖို့ကြက်သီး တဖြန်းဖြန်းထလောက်ပါတယ် ဒေါ်သူဇာစုန်းမကြီးဟာ အောက်လမ်းအတက်ပညာတွေနဲ့ ကလျာ့အလောင်းကို မကောင်းဆိုးဝါးတွေပူးကပ်ခိုင်းပြီး ထိန်ကြီးကုန်းတရွာလုံးကို ခြောက်လှန့်ခိုင်းတော့မယ် အချိန်တွေလည်းသိပ်မကြာလိုက်ပါဘူးပြသနာကထပ်တက်ပြန်ပီ ထိန်ကြီးကုန်းရွာထဲမှာ ညညဆို အမျို းသမီးတယောက်ရဲ့ ကလေးချော့သိပ်သံတွေ ''အို အေးးးးးးး အေးးးးးးး အို '' 

ကြောက်စရာကောင်းလောက်အောင်ကြားနေရတဲ့အသံ ရွာသားတွေ အိမ်ထဲကနေ ကိုယ်စီချောင်းကြည့်တာ ကလျာ ခန္ဓာကိုယ်ကြီးကရွာထဲမှာ ကလေးချော့သိပ်ရင်း တအိမ်တက်ဆင်းတံခါးတွေလိုက်ခေါက်နေတာပေါ့

ထိန်ကြီးကုန်းတရွာလုံးလည်း ညရောက်မှာတွေးကြောက်နေကြပီလေ ညဆိုအားလုံးမီးခွက်တွေမှု တ်ကိုယ့်အိမ်မှာရှိတဲ့မိသားစုလေးစုစုရုံ းရုံ းနဲ့ထိုင်နေကြရတာ အိပ်လည်းမအိပ်ရဲ ကလေးချော့သိပ်သံ ဘယ်အချိန်များစကြားရမလည်းတွေးကြောက်နေကြတာပေါ့ဗျာ မကြာပါဘူးရွာထဲကခွေးတွေကလည်းဆွဲဆွဲငင်ငင်စအူနေပီ ခွေးတွေကြောက်စရာကောင်းလောက်အောင် အူပီးမကြာပါဘူးးး တရွာလုံးကြောက်နေရတဲ့ အသံစကြားပါတော့တယ် ''အို အေးးးးးးးးအေးးးးးအို '' တအိမ်တက်ဆင်းတံခါးတွေလိုက်ခေါက်နေလိုက်တာ ရွာသားတွေလည်းအသက်တောင်မရူ ရဲလောက်အောင်ကြောက်ရွံ့နေကြရပီ ဒီလိုနဲ့ညစဉ်ရက်စက်ကြုံတွေ့နေရတော့ လူတွေတဖြည်းဖြည်းလုံးပါး ပါးကုန်ကြပီပေါ့ သူဌေးကြီးဦးမင်းခေါင်ရဲ့သမီး ရွာထဲမှာ လှည့်ပတ်ခြောက်လှန့်နေတယ်ဆိုတော့ ဦးမင်းခေါင်လည်း ခေါင်းမဖော်ရဲလောက်အောင်ရှက်နေရပီ ငါ့သမီးကသေသွားပီပဲ အခုလို လိုက်ခြောက်နေတဲ့ ကလျာ့ခန္ခာကိုယ်ကြီးနဲ့ဝိညာဉ်ကိုဘယ်လိုမောင်းထုတ်ရမလည်းးဦးမင်းခေါင်ရွာသားတွေနဲ့တိုင်ပင်ဆွေးနွေးလိုက်တာ အကြံတခုရလိုက်တာပါပဲ အဲ့ဒါကတော့ ချက်ခြင်းပဲအထက်လမ်းဆရာတစ်ယောက်ကိုပင့်ဖို့ပါပဲ မကြာပါဘူးရွာသားတွေလွှတ်ပီးခေါ်ခိုင်းလိုက်တာ အထက်လမ်းဆရာ ဦးသူတော်ရောက်လာတာပေါ့ သူဌေးကြီးဦးမင်းခေါင်က ဒီညပဲ တရွာလုံးကိုေ့ခြာက်လှန့်နေတဲ့ သရဲမ ကိုအမြန်ဆုံးနိမ်နှင်းပေးဖို့ တောင်းဆိုတာပေါ့ ဦးသူတော် ကလည်းချက်ချင်း ရွာလည်လမ်းမပေါ်မှာ အုန်းပွဲ ငှက်ပျော်ပွဲတွေပြင်ဆင်စေပြီ စီရင်စရာရှိတာတွေစီရင်လိုက်တာပေါ့ဗျာ ဒီလိုနဲ့သူဌေးကြီးဦးမင်းခေါင်နဲ့ရွာသားအချို့ ဦးသူတော် အပါဝင် ညအမှောင်ကိုစောင့်နေကြပါတော့တယ် ညကလည်းသန်းခေါင်းယံကျော်လာပါပြီ ရွာအနောက်မှာလည်းခွေးတွေကဆွဲဆွဲငင်ငင်အူနေပြန်ပီ မကြာလိုက်ပါဘူးးးးးး ကလေးချော့သိပ်တဲ့အသံ ''အို အေးးးးးအေးးးအို ''' စကြားနေရပါပီ ဦးသူတော်ကတော့မလှုပ်မရှက်သာရပ်နေတာပေါ့ အသံကရွာလည်နားမှာကြားနေရပါပြီ ချက်ချင်းဆိုသလိုပဲဦးသူတော်တို့အနားကို မိန်းမတယောက်ကလေးချီလျက်ရောက်လာပါတယ် ဦးသူတော်သိလိုက်ပါပြီ အဲ့ဒါကလျာပေါ့ ဦးသူတော်လည်းချက်ချင်းဆို ဂါထာမန္တာတွေရွတ်ပြီး အထက်ဆရာများရဲ့အမိန့်ဆိုပီး ပြောလိုက်တာ ကလျာ့အလောင်းကောင်ကြီးရပ်တန့်နေပြီးလှု ပ်ရှားလို့မရတော့တာကိုတွေ့လိုကိရတာပေါ့ဗျ ာ ဦးသူတော် မေးပါပြီ ''နင်ဘယ်လည်းးး'' ''ငါကလျာပေါ့ဟဲ့ဆရာစုတ်ရဲ့'' ဦးသူတော်ဒေါသထွက်သွားပီး ဘုရားရေစင်တွေနဲ့ထပ်ခါတလဲလဲပတ်လိုက်မှပဲ ဒေါ်သူဇာခိုင်းတယ်ဆိုတာသိလိုက်ရတာပေါ့ ဦးသူတော် ပါးစပ်ထဲကချက်ခြင်းဆိုသလိုပဲ သွေးတွေထွက်လာတာပါပဲ ဦးသူတော်သိလိုက်ပါပီ သူ့ကို စုန်းမကြီးဒေါ်သူဇာတိုက်ခိုက်နေပီဆိုတာကိုပေါ့ ဦးသူတော်ကလည်း ''အထက်ဆရာများရဲ့အမိန့်နဲ့ဂါထာတွေရွတ်ဖတ်လိုက်တာ စုန်းကြီးဒေါ်သူဇာဦးသူတော်ရဲ့အရှေ့ကိုရောက်လာပါတော့တယ် ကလျာ့ခန္ဒာဟောင်းထဲမှာဝင်ပူးနေတာဘယ်သူလည်းဦးသူတော်မေးရတာပေါ့ ဒေါ်သူဇာကလည်းးးး'တခြားမကျွတ်လွှတ်သေးတဲ့ဝိညာဉ်ကိုအသုံးချထားတာဆိုတာအမှန်တိုင်းဝန်ခံရတော့တာပဲ သီလသမာထိနဲ့ပြည့်စုံတဲ့ ဦးသူတော်ကို စုန်းမကြီးဒေါ်သူဇာမယှည်ပြိုင်နိုင်ဘူးလေ ဒီလိုအဖြစ်ပျက်တွေပြီးတော့ တပတ်အကြာမှာပဲ ဒေါ်သူဇာသေဆုံးသွားပြီဆိုတဲ့သတင်းကို ထိန်ကြီးကုန်းရွာသားကြားခဲ့ရတယ် အပြေးအလွှား သိင်္ချို င်းထဲကိုသွားကြည့်ခဲ့ကြတယ် ဇတ်ကြိုးပြီးသေနေတာပါ ညိုကြီးရဲ့ပြောပြချက်အရမသေဆုံးခင်တစ်ညက သူတို့မွေးထားတဲ့ သရဲတွေဒေါ်သူဇာနဲ့တိုက်ခိုက်တာတဲ့ နှစ်ပေါင်းများစွာကြာတဲ့သရဲတွေပါနေတော့ ဒေါ်သူဇာ မရှု မလှသေဆုံးခဲ့ရတာပေါ့ဗျ ာ ညိုကြီးကိုတော့ ရွာသားတွေက ထိန်ကြီးကုန်းရွာရဲ့သုသာန်ကနေမောင်းထုတ်လိုက်ကြတာပါပဲ 


#crd.....


 ထူးဆန်းသောသူတို့ရွာ


***

  ဖြစ်ရပ်မှန်  ( စ\ဆုံး)

..............

 ကျွန်တော်သည်ထိုနေ့က သူငယ်ချင်းများနှင့် အရက်သောက်လာမိသည်။ ညဖက်ဆယ်နာရီခန့်ရှိပြီဖြစ်သည်။

ကျွန်တော်ကားအိမ်မပြန်တတ်လောက်အောင်မူးနေခဲ့ပါသည်။

ထို့ကြောင့်ကျွန်တော့်အရီးလေးအား လှမ်းခေါ်အော်လိုက်ပါသည်။

"အရီးလေးရယ် ..ကျွန်တော့် ကိုလာခေါ်ဗျ အိမ်မပြန်တတ်တော့ဘူး"

ဟုအသံဗြဲကြီးနဲ့အော်ခေါ်လိုက်သည်။ခဏအကြာတွင် အရီးလေးရောက်လာခဲ့ပါသည်ထို့နောက်

ကျွန်တော်နဲ့ဘေးတိုက်အနေအထားဖြင့်"လာ..လာ..ငါ့နောက်ကလိုက်ခဲ့ ငါအိမ်ပြန်ပို့ပေးမယ်"ဟုပြောကာ ကျွန်တော့်အားခေါ်လာခဲ့ပါသည်။

ကျွန်တော်လည်း အရီးလေးနောက်ကလိုက်ပါလာခဲ့သည်။

"ဒုန်း"

တစ်စုံတစ်ခုသည် ကျွန်တော့် နဖူးအားပြင်းထန်စွာရိုက်ခတ်မိသည်။

စေးထန်းထန်းသွေးများလည်းကျလာသည်။မျက်လုံးအား

အားစိုက်ကာဖွင့်ကြည့်လိုက်သောအခါတွင်ဘုန်းကြီးကျောင်းအုတ်သံတိုင်းဖြစ်နေသည်။

ကျွန်တော်၏ဘေးမှအရီးလေးကားမရှိတော့ပေ။ကျွန်တော်အလွန်ထိတ်လန့့်သွားခဲ့ပါသည်။

ကျွန်တော်နှင့်ရှေ့ဖက်ကိုက်၂၀၀ခန့်တွင် မကြာခဏ လူသေလေ့ရှိသော ချောင်းနှင့်တံတား

ရွာတောင်ဖက်တွင်ရှိသော ကျွန်တော့်အိမ်အား ရွာအစွန် ဘုန်းကြီး ကျောင်းနှင့်အနီး ထိုချောင်းဆီသို့မျှားခေါ်လာခဲ့ပါသည်။

မကြာခဏဆိုသလိုပင်ထိုနေရာ၌လူသေလေ့ရှိသော နာမည်ကြီးတံတားနှင့်ချောင်း။ကျွန်တော်သေကံမရှိသေး၍ ပြန်

လွတ်မြောက်ခဲ့သည်။ကျွန်တော်တို့ရွာကားစုန်း၊တစ္ဆေ၊အလွန်ပေါများသည်။တစ်စုံတစ်ခုသို့သွားစရာရှိပါက အော်မခေါ်ရပါ တိုးတိုးတိတ်တိတ်သာပြောရသည်။အကယ်၍အော်ခေါ်မိပါက တစ္ဆေကအယောင်ဆောင်ကာအမြဲလာခေါ်ပါသည်။

ထို့ကြောင့်အလွန်သတိထားရသည်။ကျွန်တော်နှင့်ဆွေမျိုးတော်သော အဒေါ်တစ်ယောက်အားစုန်းမဟုလူများကသမုတ်ကြသည်။

ကျွန်တော်ကားဟုတ်မဟုတ်မတိအကျသိချင်သည်။တစ်နေ့တွင် ရွာထဲကအိမ်တစ်အိမ်မှစုန်းချွတ်နေပါသည်။မှော်ဆရာကစုန်းပူးသောသူအားကြိမ်လုံးဖြင့်နောက်ကျောကိုရိုက်ပါသည်။ညနေစောင်းတွင်ကျွန်တော်သည်အဒေါ်အိမ်သို့တိတ်တဆိတ်အရိပ်အခြေအနေလာကြည့်ခဲ့ပါသည်။အဒေါ်ရေချိုးရန်သွားသောအခါထမီရင်ခြားထားသောသူမ၏နောက်ကျောတွင် အနီရောင် အစင်းအမာရွတ်များအားတွေ့လိုက်ပါသည်။အသားဖြူဆွတ်ဆွတ်ပေါ်တွင်ထင်းခနဲပေါ်နေပါသည်။ကျွန်တော်အလွန်ကြောက်လန့့်မိပါသည်။ထိုအဖွားကြီးကစက်ကြိုးပိုင်မကြီးဟုသိရပါသည်။သူမ၏ပညာကိုကားသူ့သမီးအားတသက်စာအမွေပေးခဲ့ပါသည်။

ထိုပညာမျိုးကားမလိမ္မာသောသူများကိုပေး၍မရပါ အလိမ္မာခဲသားသမီးကိုပေးမှရသည်။အချို့သောတစ္ဆေမွေးစားသောအိမ်များတွင်ကား

ထမင်းအိုးတည်ပြီး ဦးဦး ဖျားဖျားနေ့ညကျွေးမွေးရသည်။ထိုသို့မလုပ်က မွေးသောသူအားပြန်စားမည်ဖြစ်သည်။မွေးထားသောတစ္ဆေအားမိမိအလိုရှိသလိုခိုင်းစေကြသည်။ကျွန်တော်သိသလောက်ကားထိုသူများလည်းမကြီးပွားကြပေ။အချို့သောမှော်ဆရာများအားကျွန်နှော်တွေ့ဖူးသည် ခေါင်းရင်းဖျားတွင်မထိုင်ကြ ထိုသူများကား အထက်လမ်းအောက်လမ်းနှစ်ခုစလုံးတတ်သူများဖြစ်သည်။အချို့အထက်လမ်းဆရာများမှာခေါင်းရင်းတွင်ပင်ထိုင်ကြသည်ကိုတွေ့ဖူးသည်။မကြာခဏလူစားသောကျွန်တော်တို့ရွာမှချောင်းနှင့်တံတားတွင်မြုတ်သေသောသူများသည် ယောက်ျားဖြစ်လျှင် ဒူးထောက်လျှက် မောက်ခုံမှောက်ကာ သေနေလေ့ရှိသည်။မိန်းမဖြစ်လျှင်ပက်လက်သေလေ့ရှိသည်။ထူးဆန်းသောဓလေ့ကား တခြားရွာမှ အိမ်ထောင်ကျလာ၍၎င်းတို့ရွာတွင်နေထိုင်ကြမည်ဆိုပါက ကြက်ဖို၊ကြက်မ

တစ်ကောင်စီ တောင်ဖက်အရပ်သို့တစ်ကောင် မြောက်ဖက်အရပ်သို့တစ်ကောင်လွှတ်ရခြင်းဖြစ်သည်။ဤကားထိုရွာ၏ဓလေ့အစဉ်အလာတစ်ခုဖြစ်သည်။

    (ရွာခံလူတစ်ဦး၏ ဖွင့်ဟ၀န်ခံချက်ကိုရေးသားထားခြင်းဖြစ်ပါသည်။)

     ပြီးပါပြီ။

#Cd


 

ဆရာတော်ကိုပါလှည့်စားတဲ့ ကျတ်ကုန်း

■■■■■■■■■■■■■■■■■■■■■■■■■■■■


လွန်ခဲ့တဲ့နှစ် သုံးဆယ်ကျော်လောက်လောက်ကပေါ့ဗျာမြောက်ဥက္ကလာပကျောက်ရေတွင်းရပ်ကွက်ထဲဘုန်းကြီးကျောင်းတစ်ကျောင်း ရှိတယ်။အဲဒီအချိန်ကဆိုခုလိုစည်ကားနေတာမဟုတ်ဘူးလူတွေလည်းနည်းပြီညနေ ၇နာရီဆိုလူအလွန်ပြတ်ပြီမှောင်မဲနေတာပေါ့။ဘုန်ကြီးကျောင်းကလည်းဝါးကျောင်း လေး ရပ်ကွက်ကလည်းတအိမ်နှင့်တအိမ်အဝေးကြီး။ဆွမ်းစားကွမ်းစားပင့်ဖိတ်တယ်ဆိုတာတစ်လနေ ၁ခါ၂ခါ လောက်ဘဲ ရှိတတ်ပါတယ်။ ကျောင်းမှာ အသက်ကြီးမှသံဝေဂရပြီးရဟန်းဝတ်ပြီးနေတဲ့တောထွက်ကြီး ၃ ပါးနေကြတယ် တနေ့ညဘက်မှာ ကျောင်းအပြင်ဘက်က ဘုန်းကြီး ဘုန်းကြီး ဘုရား လို့ခေါ်သံကြားရလို့ ဘယ်သူလဲဟ လာကြလာကြ ကျောင်းပေါ် လာကြ ကျောင်းပေါ်လူနှစ်ယောက်တက်လာတာကိုဘုန်းကြီးက လေ့လာကြည့်လိုက်တယ် ရုပ်ကဇတ်ပွဲမှာတွေ့ရတဲ့အဝတ်အစားမျိုးလုံချည်နီစိမ်းအကွက်ကြီးဝတ်ဆင်ထားတဲ့လူကြီးတယောက် နားမှာလဲနာတောင်းပန်ထားသေးတယ် နောက်လူငယ်တယောက်သူကတော့အဝတ်နွမ်းနွမ်းလေးနှင့်တက်လာကြတယ် တောက်တောက်ပြောင်ပြောင်ဝတ်ဆင်ထားတဲ့လူကြီးက ဘုန်ကြီးဘယ်နှစ်ပါးရှိပါသလေးဘုရား? ၃ ပါးရှိတယ် တကာ တပည့်တော်တို့က၅ ပါးပင့်ချင်တာဘုရား တကာတို့ကိုအယင်ကမမြင်ဘူးပါဘူးဘယ်နားမှာလဲ လို့ဘုန်းကြီးကမေးတယ် မှန်ပါဘုရားတပည့်တော်တို့ကဆရာတော်တို့ကိုမပင့်ဘူးပါဘုရား အိမ်သစ်တက်မင်္ဂလာအတွက်ပင့်ဖိတ်တာပါဘုရား အာရုဏ်ဆွမ်းလာပင့်တာပါဘုရားလို့ယဉ်ကျေးစွာပင့်လျောက်လိုက်တယ်။


ဘုန်းကြီးကဘယ်နှစ်ပါးလဲတခြားကျောင်းကကောပါသေးသလား? မပါပါဘူးဘုရား နောက်တကြိမ်တော့ ၅ ပါးပင့်မှာပါ ခုကရက်ကောင်းရွေးပြီးဘုန်းကြီးတို့ကျောင်းရှိသံဃာဘဲပင့်တာပါမနက် စောစောလာပင့်ပါမယ်အဆင်သင့်စောင့်နေပါလို့ပြောပြီးပြန်သွားကြလေသည်။ နောက်နေ့မနက်အစောစော ၄နာရီမှာဘုန်းကြီးကျောင်းကိုအဝတ်နွမ်းနွမ်းဝတ်ထာုး့သူရယ်နောက် တစ်ယောက်ရယ်ကျောင်းကိုရောက်လာပြီးဆရာတော်ကိုကန်တော့ပြီး သူတို့ရဲ့ သခင်ကြီးကကတော့လိုက်ပါတယ်ဆိုပြီးငွေတွေတထပ်ကြီးကပ်လှုပါတယ် ဘုန်းကြီးကထုံးစံအတိုင်းမဟုတ်ဘူးဆိုတာကိုသတိတော့ ထားမိတယ်။ငွေကိုအလှူခံယူပြီးကျောင်းမှာထားခဲ့တာပေါ့။ လမ်းမှာ ဘုန်းကြီးက ဒကာတို့ ဒီ မှာနေတာ ကြာပြီလား ကြာပါပြီဘုရား နိ ု့ မင်းတို့့ပြောတာသခင်ကြီးဆိုတော့တို့နားထဲမှာတမျိုးဘဲကွဲ့ တပည့်တော်တို့ရဲ့သခင်ကြီးဖြစ်လို့သခင်ကြီးခေါ်တာပါဘုရား ဘာထူးခြားလို့လဲဘု ရား အင်းထားပါတော့ကွာ ဟော ဆရာတော်ရောက်ပါပြီဘုရား ဘုန်းကြီးကလှမ်းကြည့်လိုက်တော့မီးထွန်းထားပြီးနှစ်ထပ်အိမ်ကြီးတစ်ဆောင်ပေ ၂၀၀ လောက်အကွာအဝေးမှာတွေံရတယ် သူတို့လျှောက်လာတာငါးမိနစ်လေက်ဘဲရှိသေးတာကိုသတိထားမိတယ်ဒီအိမ်ကိုလည်းယခင်ကမတွေ့ဘူးတာကိုလဲသတိထားမိပြန်တယ် အိမ်ပေါက်ဝမှာ မနေ့ကလူကြီးနှင့်မိန်းမပျိုတဦးကအသင့်ကြုနေတာတွေ့ရပါသည်။


ကြွပါခင်ဗျား ကြွပါ လူကြီးအင်ကျီအစိမ်းရောင် လုံချည်အနက်အစိမ်းအကွက်ကြီးအဆင်ဝတ်ထားပြီး အမျိုးသီးကအဝါရောင်ဝမ်းဆက်အဝါရောင်ပန်း၃ ပွင့်ပန်ဆင်ထားသည်ရှေးအဝတ်ဒီဇိုင်းဖြစ်သည်။ အပေါ်ထက်ကို ကြွပါခင်ဗျား အောက်ထပ်တွင် ရှေးခေတ်အသုံးအဆောင် ပရိဘောဂ များဖြင့် ခမ်းခမ်းနားနားပြင်ဆင်ထားသည် ထူးခြားချက်က ဘီလူးခေါင်းအောက် စလွယ်ဓါးနှစ်လက်ကို ကြက်ချေခတ်ထါးခြင်းဖြစ်သည်။ တဆစ်ချိုးလှေကားမှတက်လာပြီးအေါ်ထပ်သို့ရောက်သွား သောအခါ့့့့ အငွေ့တထောင်းထောင်း ထနေသော စားသောက်ဖွယ်ရာများ ပြင်ဆင်ထားသည်ကိုတွေ့ရသည်။ ဆွမ်းအရင် ကပ်ပါရစေဘုရား ပြီးမှတရားဟော တရားနာချင်ပါတယ်ဘုရား့့့ ရပါတယ်ဒကာ ဒါဆိုလဲ ဆွမ်းအရင်ကပ်ပေါ့့့့ ပြောပြောဆိုဆိုဘုနးကြီးများထိုင်လိုက်ကြပြီး ဆွမ်းကပ်ကြသည် ဒကာလိုက်ဆိုပါ ဤကောင်းမှုကြောင့့့့့့့့့့့့် အသက်ရှည်ခြင်း အဆင်းလှခြင်း ခွန်အားကြီးခြင်း ညာဏပညာကြီးမားခြင်း ကျန်းမာခြင်းနှင့်ပ်ြည့ စုံပါစေသတည်း။ အသက်ကြီးမှ ဘုန်းကြီးကပါဋ္ဌိ မပါဘဲမြန်မာလို တိုင်ပေးပြီး အိမ်ပိုင်ရှင်နှင့်စုစုပေါင်း၅ဦး ကလိုက်ပြီးဆိုကာ သာဓုခေါ်ဆိုလိုက်ကြပါတော့တယ။သာ ဓု သာဓု သာဓု့့့့းးးးးးး သာဓုခေါ်ဆိုသံမှာ လူအများကြီး၏အသံဖြစ်သဖြင့်ဘုန်းကြီးစိတ် တမျိုးဖြစ်သွာုးမိသော်လည်း အပေါ်ထပ်တက်ခွင့်မရှိသူများကအောက်ထပ်ကနေသာဓုခေါ်တာဘဲဟုယူဆပြီးဆိပဆ်ိပ်နေလိုက်တော့သည်။နောကလိုက်ဘုန်းကြီးနှစ်ပါးကတောင်ကြည့်မြောက်ကြည့် ဖြစ်နေကြသည်။


အိမ်ကြီးတခုလုံးခေတ်တတိပ်ဆိပ်သွားသည့့့့် အဟမ်း အဟမ်း ကဲ ကဲ ကိုယ်တော်တွေ ဆွမ်းဘုန်းကြ တိတ်ဆိပ်မှုကို ဖြိုခွင်းလိုက်သော ဘုန်းကြီးအသံနှင့်အတူ ကျန်ကိုယ်တော် များကလည်း ဆွမ်းစတင် သုံးဆောင်ကြတော့သည်။ ံံ့့့့့့့့့့့းးးးးးး ဆွမ်းမှာလွန်စွာအရသာရှိပြီး အားရပါးရသုံးဆောင် သုံးဆောင်နေရင်း ငိုက်လာကြပြီး မျက်လုံးဖွမရတော့ဘဲ အိပ်ပျော်သွားကြလေတော့သည်။ အိပ်ပျော်နေရာမှ ပထမဆုံးအကြီးဆုံးဘုန်းကြီးစတင်နိုးလာခဲ့၍မှေးနေသောမျက်လုံးဖြင့်ဖွင့်ကြည့်လိုက်သောအခါ —==-= မျက်လုံးပြူးသွားပြီးအိပ်ချင်သည့်စိတ်လုံးဝပျောက်သွားတော့သည်—– မပျောက်ခံနိုင်ရိုးလား–==သူယခုရောက်နေသောနေရာမှာသစ်ပ ပင်တပင်၏ ဂွ တခုပေါ်ရောက်နေပြီ ထိုခွမှာအကိုင်းအခက်များယှက်ကာ စင်သဖွယ်ဖြစ်နေကာထိုစင်ပေါ်သို့သူတို ွ့ ရောက်နေသည်ကိုသိလိုက်ရတော့သည်။ ထိပ်လန့်စွာဖြင့် ဟေ့ ဟေ့ ထ ထ ဘေးနားတွင်ခွေကာအိပ်ပျော်နေသော ကိုယ်တော်နှစ်ပါးက်ိ်ုခြေဖြင့် နိုးလိုက်ပြီးအောက်ကိုကြည့်လိုက်သောအ ခါပေ ၂၀ လောက်မြင့်ကြောင်းတွေ့့လိုက်ရသည်။ကိုယ်တော်တွေ ပြူးတူးပြဲတဲနှင့်ကမန်းကတမ်းအောက်သို့့ဆင်းလိုက်ကြပြီးနေရာကိုလေ့လာကြည့်လိုက်ရာ(ယခုမ/ဥ မှတောင်ဒဂုံသို့ဖေါက်လုပ်ထားသောတံတားနေရာ)ချောင်းနေရာဖြစ်ကြောင်းသိလ်ိကိုကါ လူအလွန်ပြတ်သည့်နေရြာ်သည့်နေရာဖြစ်သောကြောင့် မိမိတို့နေရာဖြစ်သောမယ်လမုဘက်ကျောင်းရှိရာသို့မပြေးရုံတမယ်သုတ်သုတ် သုတ်သုတ် ဖြင့်ပြန်လာကြရာ မိနစ် ၂၀ ကျော်ကြာမှရောက်လေတော့သည်။


ကိုယ်တော် ဘယ်လိုထင်သလဲ’ ‘ တပည့်တော်ကြောက်တာဘဲသိတယ်မပြောတတ်ပါဘူး အငယ်ကိုယ်တော် ၂ ပါးတပြိုင်နက်ဖြေလိုက်ကြသည် အင်း ထူးတာတော့အမှန်’ သူတပါးပြောဘို လဲခက်တော့တာဘဲ ဘုန်းကြီးဖြစ်ပြီးသရဲခြောက်ခံရတယ်လို့ ငါ့ ဥပဇ္ဈယ်ဆရာလျောက်ထားကြည့်မယ် ဟေ့ ဟေ့ မနေ့ကလှူခဲ့တဲ့ဝတ္ထုငွေ သွားကြည့်ပါအုန်း ——— ကိုယ်တော်တပါး အခန်းထဲဝင်ပြီး ကမန်းကတမ်းပြန်ထွက်လာပြီ း ဒီမာ ဒီမှာဘ ဘ ရား သူလက်ထဲတွင် ဗါတာရွက်ဖြင့်ထုတ်ထားသည်ကိုသာတွေ့ရတော့သည် အထဲတွင်ကား မကျည်းရွက်များ———————- မင်းတို့နေခဲ့ ငါဆရာဆီသွားမယ် တပည့်တော်တို့လဲ လိုက်မယ် လိုက်မယ် –===——-=—————- ဟေ့ ဦးဇင်းကြီးစောစောစီးစီးဘာကိစ္စ’ ‘ ဒီလိုပါဘုရား”’ ””’ အင်း အဲဒါ ကျပ် ဆိုတဲ့ ပရ လောကသား တွေကွ မင်းတို့နှင့်ဘဝဟောင်းကဆွေမျိုး တွေချစ်ခင်နီးစပ်ခဲ့ကြလို့ အကူအညီတောင်းသူတို့တတ်နိင်သလောက်ကုသိုလ်ပြုကြတာနေမှာပါကြောက်စရာမလိုပါဘူး ”” အင်း သနားစရာပါ မိမိပြုလုပ်ခဲ့တဲ့ကောင်းမူတွေ ပြုလုပ်ဆဲ ပြုလုပ်လတံ့သောကောင်းမူတွေ ကိုအမျှဝေပေါ့ကွာ——- မင်းတို့သတိထားမိလား နောက်မှပရိတ်တရားနာမယ်လို့သူတို့ပြောတာ”” မှန်ပါ ပရိတ်မရွတ်ခင် နတ်ကောင်းနတ်မြတ်တွေပင့်ရတယ်မဟုတ်လား ဒါဆိုသူတို့ပြေးရပြီပေါ့ဗျား သရဏဂုဏ်တို့ ပဋ္ဌာန်းတို့ဆိုရင်တော့အထူးဘဲ ”’မင်းတို့လ ဲပွါးပြီးသားဘုရားဂုဏ်တော်မမေ့ကြနဲ့ စရဏ အကျင့်မပျက်ကြစေနှင့် ကဲ ကဲ သွားကြပေအုန်းးးးးးးး


ပြီပါပြီ။


Credit မူရင်း


 မိုင်တိုင် ၉၆

••••••••••••••
စ/ဆုံး
~~~~~~~~~~
တူ…တူ…တူ…

''ဟယ်လို…ကိုရဲ လား…
ကားဆွဲကောင်းလားဗျ…ဘယ်ရောက်နေလဲ…
ကျနော်တော့ အခုမှ ၂၀၀၀ပဲရသေးတယ်…
စိတ်ညစ်ဖို့ ကောင်းလိုက်တာဗျာ…၉နာရီက ကျော်နေပြီ ကားတွေကလည်း မရှင်းသေးဘူး…''

''အော် …ကိုရဲက …ကြက်ကင်လိုက်ပို့ ပေးနေတာလား…''

''ဟုတ်ဟုတ်…''

''ကျနော်က အခု ဗဟိုလမ်းပေါ်မှာ ပါရမီ စိန်ဂေဟာ ဖက်ပတ်ကြည့်မလို့…လူရလို ရငြားပေါ့…''

''ဟုတ် …ကိုရဲ ညကျရင် တွေ့မယ်လေ…Ok ok…ကြိုးစားထားဗျို့…ဟုတ်…ဒါပဲနော် ဖုန်းချလိုက်တော့မယ်…''

''ဟူးးး မိုးကလည်း တဖြောက်ဖြောက်နဲ့ တိတ်ကို မတိတ်နိုင်တော့ဘူး…၉နာရီတောင် ခွဲတော့မယ် ဒီပုံစံအတိုင်းဆို မနက် အုံနာကြေးပေးဖို့တောင်ပြည့်ပါမလား…''
သူငယ်ချင်း ကားသမား တစ်ယောက်စီ ဖုန်းဆက်အပြီး စိတ်ညစ်ညစ်နဲ့ ဗဟိုလမ်းအတိုင်း မောင်းချလာခဲ့လိုက်တယ်…ဒီအချိန်ဆို အင်းစိန်လမ်းမပေါ်မှာလည်း ကားတွေ ရှုပ်နေမှာလို့ တွေးမိလို့ ကားနည်းနည်းရှင်းတဲ့ ဗဟိုလမ်းအတိုင်း မောင်းလာရင်း ခရီးသည်ရလို ရငြား…လိုက်ရှာနေခြင်းဖြစ်သည်…

သီရိမြိုင်ဘူတာ အကျော်လေးအရောက် မိသားစုဖြစ်ဟန်တူသော ဦးလေးကြီး တစ်ယောက် အဒေါ်ကြီးတစ်ယောက်နှင့် ကောင်မလေး တစ်ယောက်လှမ်းတာ တာတွေ့လိုက်ရသဖြင့် ကျနော် တော်တော် ပျော်သွားမိတယ်…အခေါက်ကြီးဖြစ်ပါစေ…
ဝေးဝေးသွားပါစေလို့ ကြိတ်စုတောင်းလိုက်သည်…ကားကို အရှိန်လျော့ အချက်ပြမီး ပြပြီး ကားတားနေသူတွေအနား ကပ်ရပ်လိုက်ရင်း…မေးလိုက်တယ်…

ဝူးးးကျွီ…

''ဘယ်သွားမလို့လည်း ခင်ဗျ…''

''သား…ခရီးဝေးသွားလို့ရလား…အရေးကြီးလို့…''

''ဗျာ…ဘယ်သွားမှာ မို့လည်း ဗျ…''ရုတ်တရက် အလျင်သလိုပြောလာသော ဦးလေးကြီး စကားကြောင့် ပြန်မေးလိုက်မိတယ်…

''ဖြူးကိုသွားချင်လို့…ကားငှားနေတာ ကြာပြီ ဘယ်ကားသမားမှ မလိုက်ဖူးပြောနေလို့…သားလိုက်လို့ရရင် လိုက်ပေးပါလား…ကွယ် …အဒေါ်တို့ အရမ်းကို အရေးကြီးနေလို့ပါ…''နံဘေးမှ ဦးလေးကြီး မိန်းမဖြစ်ဟန်တူသော အဒေါ်ကြီးမှ တောင်းတောင်းပန်ပန်ပြောလာသည်…

''ဖြူးအထိတော့လိုက်လို့မရဘူး…ခင်ဗျ…အုံနာက ခရီးဝေးမလိုက်ရဘူးပြောထားလို့…''
အရမ်းဝေးလွန်းသဖြင့် မလိုက်ချင်၍ ငြင်းလိုက်ခြင်းဖြစ်သည်…အမှန်က လိုက်လည်းရသည်…ဖြူးအထိ တစ်ခါမှ မမောင်းဖူး၍ လမ်းကြောင်းမသိတာကော…ဝေးလွန်းတာကြောင့်ပါ ငြင်းလိုက်ခြင်းသာ…

''သားရယ် ကူညီလို့ရရင် ကူညီပါလားကွယ်…အန်တီသားလေး ကားအက်စီးဒန့်ဖြစ်လို့ ဖြူးဆေးရုံပေါ်ရောက်နေတယ် အကြောင်းကြားလို့ပါ…သား မနှစ်နာအောင် အန်တီတို့ စျေးပိုပေးပါ့မယ်ကွယ်…ကူညီပေးပါ…''

''အားနာပါတယ် ဗျာ…လိုက်လို့မဖြစ်လို့ပါ…နောက်ကားငှားလိုက်ပါနော်…''
အားနာနာနှင့်ပင် ငြင်းလိုက်ရင်း မောင်းထွက်လာလိုက်သည်…

မောင်းထွက်လာရင်း…ကားဘက်မှန်မှ ပြန်ကြည့်မိလိုက်သည်…နောက်ကားတစ်စီး
ထိုးရပ်သွားပြီး ချက်ချင်းပြန်မောင်းထွက်လာတာ မြင်လိုက်ရသဖြင့် စိတ်ထဲမကောင်းဖြစ်သွားပြီး
''ဟင်းးး ငါ ကူညီမှ ဖြစ်မှာပါလေ…ဒုက္ခရောက်နေတဲ့ လူတွေပဲ…ကားငှားလို့လည်း အဆင်ပြေမှာမဟုတ်လောက်ဖူး…တွေးလိုက်မိပြီး ကားကို ''ဂ''ကွေ့ပြန်ကွေ့လိုက်တယ်…ဦးလေးကြီး အဒေါ်ကြီးတွေ ရပ်နေတဲ့ နေရာရောက်တော့…ဒီဘက်ကားလမ်းမှာပင် ကားရပ်ပြီး ဟွန်းတီးပြီး လက်ပြခေါ်လိုက်တယ်…ရုတ်တရက် ကားထဲမှ ကျနော်ကို သေချာမမြင်ရလို့ မမှတ်မိ၍ ကြောင်ကြည့်နေကျတယ်…ကားအောက်ဆင်းပြီး…

''ဦးလေး အန်တီလာ…လာလာ ကျနော် လိုက်ပို့ပေးမယ်…''ကားထဲက ထွက်လိုက်ပြီး လှမ်းအော်လိုက်မှ ကားလမ်းကူးလာပြီး…

''အော် စောဏက သားလေးပဲ…ကျေးဇူးတင်ပါတယ်ကွယ်…ကားခ ဘယ်လောက်ပေးရမလဲ…ပြောပါ သား အားမနာပါနဲ''့ လို့ ပြောတယ်…

''လာပါတက်ပါ…ကြည့်ပေးပါ…အမှန်အတိုင်းပြောရ
ရင် သားကားခ မမှန်းတက်ဖူးဗျ…အဲလောက်ခရီးဝေး အထိ တစ်ခါမှ မမောင်းဖူးဘူး…ညောင်လေးပင် အထိပဲ မောင်းဖူးတာပါ…ကားခဘယ်လောက်တောင်းရမှန်းလည်း မသိဘူး…ခရီးအကွာအဝေးလည်း မမှန်းတတ်ဖူးဗျ…ဦးတို့ အန်တီတို့ အရေးကြီးနေတယ်ဆိုလို့သာ…ကျနော်က လိုက်ပို့ပေးတာပါ…ကျနော့်ကိုလည်း အားမနာပါနဲ့…ကြည့်ပေးပေ့ါ…ဆီဖိုး အုံနာကြေးလောက်ရရင်တော်ပါပြီ…''
ကားပေါ်မတက်ခင်…ပြောနေကျခြင်းဖြစ်သည်…

''ကျေးဇူးတင်ပါတယ်…သားရယ်…ဦးတို့ လမ်းပြပေးပါ့မယ်…''
''သမီးရေ …အိမ်ပြန်တော့ အဖေတို့ကားရပြီ ဖုန်းဖွင့်ထားနော်…အရေးအကြောင်းရှိရင် ဖုန်းလှမ်းဆက်လိုက်မယ်…''
ကျနော့်ကို ပြောပြောဆိုဆိုနှင့် ဟိုဘက်ကားလမ်းမှာ ကျန်ခဲ့သော ကောင်မလေးဆီ လှမ်းအော်ပြောလိုက်ခြင်းဖြစ်သည်…

''ဟုတ်…အဖေ''လို့အော်ပြီး လမ်းထဲပြန်ဝင်သွားသည်…

''လာလာ ကားပေါ်တက် ဦးလေးနဲ့ အဒေါ်''
ကားပေါ်တက်ခိုင်းလိုက်ပြီး ကားကို အချက်ပြမီးပြကာ ပြန်ကွေ့လိုက်ရင်း တဖက်လမ်းကြောင်းကွေ့ချလိုက်ပြီး မောင်းထွက်လာလိုက်သည်…

''သား …အမြန်လမ်းကိုတော့ သွားတတ်တယ် မှတ်လား…''ဦးလေးကြီးကမေး၍

''ဟုတ်ကဲ့ သွားတတ်ပါတယ်…အမြန်လမ်းအတိုင်း ညောင်လေးပင်အထိမောင်းဖူးပါတယ်
…''
ပြန်ဖြေလိုက်သည်…

''အေးအေး အမြန်လမ်းအတိုင်းမောင်းရမှာ…၁၁၅မိုင်နားရောက်မှ ဦးလမ်းပြပေးမယ်…''

''ဟုတ်ကဲ့…ခင်ဗျ…''

အမြန်လမ်းအတိုင်း မိုင်၁၀၀ကျော်မောင်းရမည် ဆိုသောကြောင့် စိတ်ထဲ ထင့်ကနဲဖြစ်သွားတယ်…အမြန်လမ်းသတင်းတွေကလည်း နားနဲ့မဆန့်အောင်ကြားထားသည်…မှောက်တယ် ခြောက်တယ်ဟူသော သတင်းတွေ နေ့တိုင်းနီးပါးfbပေါ်တွင်ဖတ်နေသဖြင့် လန့်နေမိသည်…တော်သေးတယ် ကားက အောက်ပိုင်းတွေပြင်ထားတာကော ဘီးအသစ်တွေလဲထားတာ မကြာသေးလို့ ဟု စိတ်ထဲတွေးရင်း မသိမသာ…သက်ပြင်းချမိသည်…

''ဦးလေးတို့က အပြန်ပြန်လိုက်မှာလား ဗျ…''
ဟု မေးလိုက်သည်…

''မလိုက်ဖူးသားလေး… ဆေးရုံမှာ အခြေအနေကြည့်ရအုံးမယ်…ဆေးရုံက ဘာပြောမလဲ မသိသေးဘူးလေ…''

''အော် ဟုတ်ကဲ့…ရပါတယ်…ဒါနဲ့ ဦးတို့သားက ဘယ်လိုဖြစ်တာလည်း ပြောပြပါလား ဗျ…''
စပ်စုလိုက်သည်…

''ဦးလေးတို့သားကြီးက အလုပ်ကိစ္စနဲ့ နေပြည်တော်သွားတာ ကားမှောက်လို့ ဆိုပြီးဖုန်းဆက်လို့…''

''အော်…ဘယ်အချိန်လောက်က မှောက်တာလည်း ဗျ…''
''ညနေ ၅နာရီလောက်ကလို့ ပြောတယ်…မိုင်တိုင် ၉၆မှာနားမှာ မှောက်တာပြောတယ်…သားကြီးကတော့ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့တော့ ပြောတယ်…ကားပေါ်မှာပါသွားတဲ့ မိန်းခလေး တစ်ယောက်ကတော့ ပွဲခြင်းပြီး ဆုံးသွားတယ်ပြောတယ်…ကောင်လေး တစ်ယောက်လည်း ဒဏ်ရာ အတော်ပြင်းတယ် ပြောတာပဲ…''

''အော် ဟုတ်…ခရီးသွားကားမှောက်တာ မဟုတ်ဖူးပေါ့နော်…အလုပ်ကားမှောက်တာ ထင်တယ်…''

''ဟုတ်တယ်သား…မန္တလေး နေပြည်တော်ဘက် မာကက်တင်းဆင်းတဲ့ အလုပ်ကကားပါ…ခဏခဏတော့ သွားနေကျပဲ…ဒီတစ်ခါမှ ဘယ်လိုဖြစ်လည်း မသိပါဘူးကွယ်…''

''တော်သေးတာပေါ့ ဦးရယ်…ဦးလေးတို့သားက ဒဏ်ရာကြီးကြီးကျယ်ကျယ်မရဘူးဆိုတော့…''

''အေးပေါ့…ငါ့တူရယ် အဆိုးထဲက အကောင်းလို့ပဲ ပြောရမှာပေါ့…''
စကားတစ်ပြောပြောဖြင့် ကားကိုအမြန်မောင်းလာလိုက်သည်…

မိုင်တိုင်တွေ တစ်ခုပြီး တစ်ခုဖြတ်ရင်း မိုင်တိုင် ၉၆နားရောက်လာသည်…

''ဟာ…ဦးလေး ဟိုးရှေ့က ပက်လက်လန်နေတဲ့ လိုက်ထရပ်ကားလေးဖြစ်မယ်နော်…''
ကားမီးရောင်ဖြင့် ပက်လက်လန်နေသော လိုက်ထရပ်ကားလေးကို မြင်လိုက်သဖြင့် ကျနော်လှမ်းပြရင်း ပြောလိုက်သည်…

''အေး အေး ဟုတ်တယ် သား…ဦးလေးသား ကုမ္ပဏီက ကားဟုတ်တယ်…''

''ဟုတ်…ကားကတော့ ရစရာတောင် မရှိတော့ဘူး…ဘယ်လိုဖြစ်ပြီးမှောက်လည်း မသိဘူးနော်…အရှိန်တော်တော်များမယ်ထင်တယ်…''

''မသိပါဘူး…သားရယ်…''

ဆက်မောင်းလာရင်း ဖြူးမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်ကိုမြင်လိုက်ရသဖြင့်…ဦးလေး ဆေးရုံသွားတဲ့လမ်းပြအုံးနော်…ကျနော် မသိဘူး…အေးအေး သားလေး…အရှေ့ထပ်မောင်းအုံး…ပြီးရင် ညာဘက်ကွေ့တဲ့ လမ်းတွေ့ရင်ကွေ့ပြီးတည့်တည့်ဆက်မောင်းရင်
ရောက်ပြီ…''

''ဟုတ်…''

''ကျွီ…''

''ရောက်ပြီ ဦးလေး…ရေ…''

''ကျေးဇူးပါပဲ…သားရယ်…နည်းတယ်များတယ်လို့တော့ သဘောမထားပါနဲ့ ဒီမှာကားခ ငါးသောင်း…''

''ဟုတ်…ရပါတယ်…ဒါဆို ကျနော် ပြန်ပြီနော်…ဦးလေး…မစောင့်ပေးတော့ဘူးနော်…''

''အေးပါ သားလေး…သတိဝီရိယနဲ့ ဖြေးဖြေးထိန်းမောင်းသွားနော်…''

''ဟုတ်ကဲ့ပါ…ခင်ဗျ…''
ပြောပြောဆိုဆိုဖြင့် ကျနော့်ကား ကွေ့ပြီးအောင်တောင်မစောင့်ပဲ…ဆေးရုံထဲသို့ ပြေးဝင်သွားကျသည်…အချိန်ကြည့်လိုက်တော့ ၁၂ကျော်ကျော်လေးရှိနေပြီ …ကားကွေ့ပြီး ဆေးရုံဝန်းထဲမှ ပြန်ထွက်မည် အလုပ်…ကျနော်နှင့် သက်တူရွယ်တူလောက်ရှိမည့် ကောင်လေးတစ်ယောက် ကားလှမ်းတားတာတွေ့လိုက်သဖြင့် ရပ်ပေးလိုက်မိတယ်…

''အကို ရန်ကုန်ပြန်မှာ မှတ်လား…ကျနော်လမ်းကြုံလိုက်ချင်လို့ပါ…
ပိုက်ဆံတော့ ဟိုရောက်မှ ပေးပါ့မယ်…ဗျာ…ဘယ်လောက်ပေးရမလဲ ဗျ…''

''ဟာ အတော်ပဲ အကိုလည်းအဖော်ရတာပေါ့…ကားခက မပေးလည်းရပါတယ်ကွာ…အမြန်လမ်းကြီး ဒီအချိန် တစ်ယောက်တည်း မောင်းရမှာလန့်နေတာကွ…အဖော်တောင်ရသေး
တယ်…''

''ကျေးဇူးပါပဲ…ဗျာ…ကားခတော့ မယူပဲမနေပါနဲ့…ကျနော့်မှာ လောလောဆယ် ၇၀၀၀ တော့ပါပါတယ်…''

''အေးပါ…လာလာကားပေါ်တက် ရှေ့ခန်းကတက်ကွာ…စကားပြောရင်း မောင်းကျတာပေါ့…''

''ဟုတ်အကို…''
ကားရှေ့ခန်းတံခါး ဆွဲဖွင့်ပြီးမှ…

''အကိုရေတစ်မျိုးတော့မထင်ပါနဲ့ ဗျာ…ကျနော်နောက်မှာပဲ ထိုင်လိုက်မယ်နော်…အကိုမပျင်းအောင် ကျနော် တစ်လမ်းလုံး စကားပြောပေးပါ့မယ်…''ကောင်လေးစကားကြောင့် စိတ်ထဲ သိပ်ဘဝင်မကျပေမယ့် အဖော်ရပြီးရောဆိုပြီး ဘာမှ ဆက်မပြောဖြစ်လိုက်ပါ…ကောင်လေးကားပေါ်တက်လာသည်နှင့်ကားကို မောင်းထွက်လာလိုက်ရင်း

''နေပါအုံးကွ…ညီက အခုအချိန်ကြီးကျမှ ရန်ကုန်ဘာသွားလုပ်မလို့လည်း…''ကျနော် စကားစရင်းမေးလိုက်သည်…

''ကျနော်က ရန်ကုန်မှာနေတာလေ…အခုကားမှောက်လို့ ဆေးရုံရောက်နေတာ…မိဘတွေ စိတ်ပူမှာ စိုးလို့ ချက်ချင်းပြန်ပြီး ဘာမှ မဖြစ်တဲ့ အကြောင်းပြောမလို့''ပါ…

''ဟေ…မင်းလည်းကားမှောက်တာပဲလား…ငါ့ ကားငှားလာတဲ့ လူတွေရဲ့သားလည်း ကားမှောက်လို့ပဲဆိုပဲကွ…မိုင်တိုင်၉၆နားမှာ မှောက်တာလေ…''

''ဟုတ်…အကို့ကားငှားလာကျတာက ကိုထွန်းနိုင်ရဲ့ မိဘတွေပါ…ကျနော်လည်း အဲဒီ မိုင်တိုင် ၉၆မှာမှောက်တဲ့ ကားထဲက တစ်ယောက်ပဲလေ…''

''အော် …အေးအေး…မင်းကဘာမှ မဖြစ်ဘူးလား…ကောင်မလေးတစ်ယောက်တော့ ပွဲခြင်းပြီးသေသွားတယ်ဆို…ကောင်လေး
တစ်ယောက်လည်း ဒဏ်ရာ အတော်ပြင်းတယ်ပြောတယ်…
ကားပေါ်ဘယ်နှစ်ယောက်ပါတာလည်းကွ…''

''သုံးယောက်ထဲပါ အကို…ကျနော်က ကားသမားပါ…ကိုထွန်းနိုင်က ကြီးကြပ်ရေးမှုးပါ…သေသွားတဲ့ ကောင်မလေးကတော့ အရောင်းဝန်ထမ်းပါ…''

''အော်…အေး…ကားက ဘယ်လိုဖြစ်ပြီး မှောက်သွားတာလည်းကွ…''

''ကားက ဘရိတ်ပေါက်သွားတာအကိုရ…ရန်ကုန်ုက အထွက်မှာ သေချာစစ်လာတာပဲ…အဲဒီ မိုင်တိုင်၉၆ နားရောက်မှ ကားက ကျနော်လီဘာ ထိန်းနင်းနေရဲ့သားနဲ့ သူ့ဘာသာအရှိန်တွေ တက်လာတာဗျ…ကျနော်လည်း ဘာဖြစ်တာလည်း ဆိုပြီး လန့်ပြီး ဘရိတ်ဖမ်းတော့ ဘရိတ်က ပေါက်နေတာသိလိုက်တယ်…အဲဒါနဲ့ အရှိန်မထိန်းနိုင်ပဲ…လမ်းဘေးထိုးကျပြီး မှောက်သွားတာပဲ…အကိုရေ…''

''ဟော ပြောရင်း ဆိုရင်းတောင် မိုင်တိုင် ၉၆နားရောက်လာပြီ…အကို တစ်ခုလောက် ကူညီပါလား…ကားမှောက်တဲ့ နေရာနားရောက်ရင် ခဏလောက်ရပ်ပေးပါ…ညီ ပိုက်ဆံအိတ်ကျန်ခဲ့တာ သွားယူချင်လို့…''

''ဟာ …မင်းကလည်း လာနောက်နေသေးတယ် …အခုအချိန်ကျမှတော့ ဘယ်လိုလုပ်ရှိတော့မှာလည်းကွ…တစ်ယောက်ယောက် ယူသွားလောက်ပြီပေါ့.…''

''မယူလောက်ပါဘူး အကိုရာ…ပိုက်ဆံအိတ်က ကျနော်ထိုင်တဲ့ ဒရိုက်ဘာ ခုံအောက်မှာ ထည့်ထားတာပါ…''

''မင်း မကြောက်ဖူးလားကွ…ဟို ကောင်မလေး သေထားတာဆို…
ငါတော့ ကြောက်တယ် ဟ…
မရပ္လို့မရဘူးလား…''
''မလုပ်ပါနဲ့ အကိုရာ ကူညီလက်စနဲ့ ကူညီပေးပါဗျာ…အချိန်မကြာပါဘူး ခဏလေးပါ…အကို ကားပေါ်ကပဲ စောင့်ပေးပါ ဗျာ…''

''အေးပါ…ပြောမရလည်းပဲ…ရပ်ပေးမယ်ကွာ…မြန်မြန်တော့လုပ်နော်…''

''ဟုတ်အကို ကျေးဇူး…ရပြီ အကို ရှေ့နားက လမ်းဘေးချရပ်လိုက်…''

''အော် အေး……ရောက်ပြီလားဟ… သေချာလို့လား ဒီနား…''

''သေချာပါတယ်…အကိုရ နည်းနည်းလေးတောင် ကျော်လာပြီ…ရတယ် အကို ဒီနားကပဲ စောင့် ကျနော် သွားယူလိုက်အုံးမယ်…''

''ကျွီ'' ကားထိုးရပ်လိုက်တော့ကောင်လေးဆင်းသွားပြီး အမှောင်ထဲမှ တစ်ဖက်ကားလမ်းကူးသွားတာ မြင်လိုက်တယ်…မှောင်မဲနေတာ ဒီကောင်မြင်ကော မြင်ရလို့လား မသိဘူး…တွေးလိုက်မိသေးတယ်…

ကားကိုလမ်းဘေးချရပ်ထားသော်လည်း အနောက်မှ ဖြတ်သွားသော ကားများ မြင်သာစေရန် အရေးပေါ်အချက်ပြ စုံမီးကို ဖွင့်ထား သဖြင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော မီးရောင်ဖြင့် တစ်ချက်တစ်ချက် ဟိုဘက်ကားလမ်းအထိ လှမ်းမြင်နေရသည်…ကားပေါ်မှာ တစ်ယောက်တည်း ကျန်ခဲ့သဖြင့် ကြောက်စိတ်က ဝင်လာကာ တောင်တွေးမြောက်တွေး တွေးရင်း…ကောင်လေးပြောခဲ့တာတွေ ပြန်သတိရသွားသည်…

''ဟင် ကားပေါ်မှာ ပါတာ သုံးယောက် ကောင်မလေးက ပွဲခြင်းပြီးသေတယ်…ကောင်လေးတစ်ယောက်က ဒဏ်ရာ အတော်ပြင်းတယ်…ဆေးရုံပေါ်မှာ…''

''ငါ့ ကားငှားလာတာက ထွန်းနိုင်ဆိုတဲ့ လူရဲ့ မိဘတွေ…ထွန်းနိုင်က ဒဏ်ရာမပြင်းလို့ သူ့မိဘတွေဆီတောင် ဖုန်းဆက်ပြောထားတယ်…''

''ဟာဒါဆို စောဏကောင်လေးက…ကျနော်သတိရသွားပြီး…
ကြက်သီးတွေ ထလာမိတာနဲ့ ကောင်လေးထွက်သွားသော မှောက်နေသောကားဘက်လှည့်ကြည့်မိလိုက်သည်…

ကျနော်ကားဆီ ကားလမ်းကူးကာ…ပြန်လျှောက်လာနေသော ကောင်လေး…ကောင်လေးဘေးမှာမှ ကောင်မလေးတစ်ယောက်ပါပါလာသည်ကို တွေ့လိုက်ရသဖြင့်…

''ဟာ…အမလေး သရဲ…သရဲ…အယောင်ယောင်အမှားမှားဖြင့် လန့်၍အော်မိပြီး…
စက်မသတ်ပဲ ရပ်ထားသော…ကားကိုမောင်းထွက်လာလိုက်သည်…ရသမျှ ဘုရားစာတွေရွတ်ရင်း…ကားကိုအရှိန်တင်၍
မောင်းထွက်လာလိုက်သည်…

ကားမောင်းရင်းဘက်ကြည့်မှန်မှ တစ်ဆင့် လိုက်လာမလားကြောက်ကြောက်ဖြင့် ကြည့်လိုက်မိတော့.…ကျနော့်ကားနောက် ပြေးလိုက်လာကျသော ကောင်လေးနှင့် ကောင်မလေး ကိုတွေ့လိုက်ရသဖြင့် ပါးစပ်မှ ဘုရားပင်တမိသွားသည်…နောက်ကြည့်မှန်ကတဆင့် မြင်လိုက်ရသော ကောင်လေးနှင့် ကောင်မလေး ခြေထောက်များမှာ အရှည်ကြီးတွေ ဖြစ်နေပြီး င်္အကျီတွေမှာလည်းသွေးတွေ ရွှဲနေသည်…သူတို့ပြေးလိုက်လာသည်မှာ…ကီလို၈၀ကျော် ၉၀နီးပါးဖြစ်နေသော ကျနော့်ကားကိုမှီလုမှီခင် ဖြစ်နေပြီ ဖြစ်သည်…ကြောက်လန့်ကာ လီဘာကို ခြေတစ်ဆုံးဖိနင်းလိုက်စဉ်…အနောက်ဖက်မှ လှမ်းအော်လိုက်သော…ကောင်လေးအသံကိုကြား
လိုက်ရသည်…''အကိုစောင့်ပါအုံး…သူလည်း ရန်ကုန်ပြန်လိုက်ချင်တယ်ပြောလို့ပါ…''
ဟူ၍ ဖြစ်သည်…ထို အသံကြားပြီး ကတည်းက နောက်သို့ထပ်မလှည့်ကြည့်ရဲတော့…ပဲကားကိုသာ အရှိန်ပြင်းပြင်းမောင်းလာလိုက်တော့တယ်…
ဘယ်နေရာအထိ လိုက်လာပြီး ဘယ်နေရာမှာ ရပ်ကျန်ခဲ့သလည်းဆိုတာ ကိုတော့ မသိတော့ပါ…တစ်နေရာရာမှာ ရပ်ကျန်ခဲ့သည် ထင်သည်…ကျနော်လည်း ကြောက်ကြောက်ဖြင့် ဘုရားစာရွတ်ရင်း ကားကို စွတ်မောင်းလာခဲ့သည်မှာ ရန်ကုန်အဝင် တိုးဂိတ်ရောက်မှ အရှိန်လျော့မိတော့သည်…လှည်းတန်းဘက်ပြန်ရောက်တော့ အချိန်က ၂နာရီကျော်ကျော်ရှိနေပြီဖြစ်သည်…လှည်းတန်းစျေးရှေ့ကားထိုးကာ အိပ်နေကျသော သူငယ်ချင်းကားသမားတွေ နိုးကာပြောပြတော့…မသေကောင်းမပျောက်ကောင်း…ကံကောင်းလို့ပေါ့…ဆိုပြီး ဝိုင်းပြောကျသည်…ကျနော်ကို မကြောက်တော့ရန် ပြောပြီး သူတို့လည်း ကျနော့်ကားပေါ်ထိုင်ရင်း အဖြစ်အပျက်အစအဆုံး မေးမှ ပြန်ပြောပြရင်း ကောင်လေးကား တံခါး ဆွဲဖွင့်ပြီးမှရှေ့ခန်းမထိုင်ပဲ နောက်ခန်းတက်ထိုင်တာဟာ…ကားရှေ့ခန်းတွင် ချိတ်ထားသော ဘုရားပုံကြောင့်ဖြစ်မည်ဟု သတိထားမိတော့သည်…အမှန်ကောင်လေး ပြောကတည်းက ကျနော် သဘောပေါက်ဖို့ကောင်းသည်…သဘောမပေါက်ခဲ့တာလည်း ခပ်ကောင်းကောင်းပင်…အကယ်၍ ကောင်လေးကားပေါ်မှာ ရှိနေကတည်းက ကောင်လေးက သရဲဆိုတာသာ ကျနော်သိခဲ့ရင်…ဘာဖြစ်မလဲ ဆိုတာ တွေးတောင် မတွေးရဲပါ…

ပြီးပါပြီ…

Credit - မရဏဖြား ✍👸

 

 #သိုက်တူးခြင်း

–--–-––--–-–––---------------––--–--


                     လွန်ခဲ့သော နှစ် ( ၂၀ )ခန့်က ကျနော်တို့ ရွာကလေးသို့ ကိုရင်လေးတစ်ပါး ကြွလာပါသည်။ ထိုကိုရင်လေး ရောက်ရှိလာချိန်မှ စ၍  လွန်စွာ ထူးဆန်း အံသြဖွယ်ကောင်းသော အဖြစ်အပျက်များကို ကျနော်တို့ တွေ့ကြုံ ကြားသိရပါတော့သည်။


                       ကျနော်တို့ ရွာလေးရဲ့ နာမည်ကတော့ နှဲကြိုး ပါ။ မိဘတွေ ကို သားတို့ရွာရဲ့ နာမည်က ဘာကြောင့် နှဲကြိုးလို့ ခေါ်သလဲဆိုပြီး မေးကြည့်တော့ အမေက ဒီလိုသားရဲ့ မွန်မင်းသမီး ဥမ္မာဒနီ ္တ က သူ့ ဖခင်ရဲ့အမျက်ဒေါသဘေးက လွတ်အောင်ပြေးရင်း ဒီနေရာလေးကို ရောက်တော့ ဘုရားတည်ပြီး ရွာကလေး နာမည်ကို မွန်ဘာသာအားဖြင့် ''အဲကရိုး'' လို့ခေါ်စေတယ်။ အဓိပ္ပါယ်ကတော့ ဘုရင်မတည်သော မြို့လို့ ခေါ်တယ် ကြာလာတော့ ကာလရွေ့လျောပြီး နှဲကြိုးလို့ အမည်တွင်တာပေါ့လို့ ပြောပါတယ်။ ရွာထိပ်မှာလည်း မြသိန်းတန် လို့ အမည်ရတဲ့ ဘုရားတစ်ဆူ အထင်ကရရှိပါတယ်။ ရွာကလေးက အင်မတန် အေးချမ်းသာယာပါတယ်။ 


                         ကိုရင်လေးရွာလယ်ကို ရောက်လာတော့ ဦးသိန်းဆောင် က ဒီကိုရင်လေးက ဒို့အနီးအနားရွာက မဟုတ်ဘူး။ ကိုရင်လေးကြည့်ရတာ အရွယ်နဲ့ မလိုက်အောင် အိနြေ္ဒသိက္ခာ ကြီးမားလိုက်တာ ပြီးတော့ ရေဆာနေပုံ ရတယ် ဆိုပြီး ကိုရင်လေး တပည့်တော်အိမ်ကို ကြွပါဘုရားလို့ ပင့်သွားတယ်။ အိမ်ရောက်တော့ သောက်ရေကပ်ပါတယ်။ ဦးသိန်းဆောင်က ကိုရင်လေး ဘယ်ကို ကြွမလို့လဲ ဘုရားဆိုတော့ ကိုရင်လေးက စက္ခုအိနြေ္ဒချထားရာက မျက်လုံချင်းဆိုင်ကြည့်ပြီး ကျုပ်ဒီရွာကို လာတာပဲ။ အထက်အညာဒေသ က လာခဲ့တာ။ ဒကာကြီးက စေတနာလည်း ကောင်းတယ် ရဟန်းသံဃာ ကိုလည်း ဆက်ဆံတတ်တယ်။ ဒီတော့ ဒကာကြီးကြီးပွားပြီ မှတ်လိုက်တော့ လို့ပြောပါတယ်။ ဒီတော့ ဦးသိန်းဆောင်က ရယ်ရင်း အရှင်ဘုရားကသာ ကြီးပွားမယ်ပြောတာ ဒီမှာတော့ လက်လှုပ်မှ ပါးစပ် လှုပ်ရတာပါဘုရားလို့ ပြန်လျှောက်တယ်။ တစ်ဆက်တည်း ကိုရင်လေး လာရင်း ကိစ္စကိုလည်း ပြောပါအုံးလို့ လျှောက်တယ်။


                            ကိုရင်လေးက ဒကာကြီး ဂတိသစ္စာတည်ပြီး ရဲစွမ်းသတ္တိ ရော ရှိရဲ့လားလို့ မေးတော့ သိန်ေးဆာင်ပါဘုရား တရွာလုံး ကြိုက်တဲ့သူမေးလို့ ရတယ်။ ဂတိသစ္စာ တည်တာ တစ်ရွာလုံး သိန်းဆောင်အပြင် နှစ်ယောက်မရှိပါဘူးလို့ ပြန်လျှောက်တယ်။ ဒီတော့ ကိုရင်လေးက နေရာကျပြီ ဟန်ကျပြီ ဆိုပြီး လက်ထဲမှာ အသင့်ပါလာတဲ့ ကြိမ်လုံးလေးနဲ့ ကြမ်းပြင်ကို ရိုက်လိုက်ပါတယ်။ ဒီလို ရိုက်လိုက်တာနဲ့ တစ်ပြိုင်နက် ဦးသိန်းဆောင်တို့ အိမ်မှာရှိသမျှ တံခါးအားလုံးဟာ သူ့အလိုလို ပိတ်သွားပါတယ်။ ကိုရင်လေးက ဆက်ပြီး သူသောက်လို့ ပိုနေတဲ့ ရေခွက်ထဲက ရေကို အိမ်ဘေးမှာ ကာထားတဲ့ ဝါးထရံကို လှမ်းပက်ပြီး ဒကာကြီး ကြည့်လိုက် လို့ပြောပါတယ်။ ဦသိန်းဆောင် ကြည့်လိုက်တဲ့အခါ မြသိန်းတန် စေတီတော်ကြီးအောက် နဲ့ ချောင်းရေပြင် ရေလယ်ခေါင်လောက်မှာ လူတွေ အမျိုးအမည်မသိတဲ့ အကောင်တွေ လှုပ်လှုပ်ရွရွသွားလာနေတာတွေကို တွေ့ရပါတယ်။ ဆက်ကြည့်နေရင်း ရေလယ်ခေါင်အောက်မှာ ဘုန်းကြီးကျောင်း ပြသာဒ် ကဲ့သို့ အဆောက်အဦးတွေ။ အဆောက်အဦးတွေရဲ့ အထဲမှာ ရွှေ ငွေ ကျောက်သံ ပတ္တမြားတွေ မြင်မကောင်းလောက်အောင် ပေါများနေတာ တွေ့ရပါတယ်။ ကိုရင်လေးကဆက်ပြီး ဒီအလယ်ခေါင်က အဆောက်အဦးကိုကြည့် ဒကကြီးဆိုပြီး ကြိမ်လုံးလေးနဲ့ ညွန်ပြတဲ့အခါ လေပေါ်မှာ တည်ရှိနေပြီး အလျှံတဝင်းဝင်းတောက်နေပြီး သွားလာနေတဲ့ ပြဒါးရှင်လုံးကို တွေ့ရပါတယ်။


                                ဦးသိန်ဆောင်က ကြိမ်လုံးလေးရိုက်လိုက်တာနဲ့ အိမ်တံခါးတွေ သူ့အလိုလို ပိတ်သွားတာရယ် ဝါးထရံပေါ်မှာ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေကို ကြည့်ရင်း အံသြစွာ မယုံကြည်နိုင်စွာ ကိုရင်လေးကို ကြည့်လိုက်ပါတယ်။ ကိုရင်လေးက ကျုပ်ဒီရွာကို လာတာ ဒီကိစ္စပဲ ဒကာကြီး။ ကျုပ်ဒီသိုက်ထဲက ပြဒါးရှင်လုံးကို ယူမယ် ဒကာကြီးက ရွေ ငွေ တွေ ကြိုက်သလောက်သာ ယူပေတော့လို့ ပြောပါတယ်။ ဒီတော့ ဒကာကြီး ကျုပ်နဲ့ အတူလိုက်ဖို့ သဘောတူရဲ့လားလို့ မေးပါတယ်။ ဦးသိန်ဆောင်က ချမ်းသာဖို့ အခွင့်အရေးကြုံပြီဟဲ့ ဆိုပြီး လိုက်ပါမယ်ဘုရားလို့ ပြန်လျှောက်ပါတယ်။ ကောင်းပြီ ဒါဆိုရင် ဒီနေ့ည ၁၂း၀၀နာရီ တိတိမှာ ကြတ္တိယာ နက္ခတ် စန်းယှဉ်တဲ့ အချိန်မှာ သွားယူကြစို့။ အရေးကြီးတာက ဒကာကြီး ဒီအကြောင်းတွေကို မိမိကလွဲပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပြောဘို့နဲ့ သိုက်တူးနေစဉ်မှာ စကားလုံးဝ မပြောဘို့ ကို အထူးသတိပြုရမယ်။  ဒကာကြီး စောင့်ထိန်းနိုင်ပါ့မလား ဆိုတော့ ထိန်းနိုင်ပါတယ်ဘုရားလို့ ပြန်လျှောက်တယ်။ ကိုရင်လေးကတော့ လိုအပ်တဲ့ ပရိကံပြုဖို့ ကျုပ် မန္တာန်တွေစုပ်ဦးမယ်။ ဒကာကြီးလည်း ဘုရားရှစ်ခိုး သီလယူပေတော့လို့ ပြောပြီး ဘုရားစဉ်ရှေ့မှာ ရွတ်ဖတ်နေပါတယ်။ ဒီလိုနဲ့ လပြည့်ည မှာ သိုက်တူးကြပါတယ်။ 


                             ဒီလို လူသားနှစ်ဦး ပြောဆို တိုင်ပင်နေတာကို ဝေမာနိက ပြိတ္တာ ဘုံဘဝ ရောက်နေတဲ့ အရမ်းချစ်တဲ့ မောင်နှမ နှစ်ယောက်က ကမ္မဇိတ္ထိ သိဒ္ဓိတန်းခိုးရှိတဲ့ အတွက်မြင်နေ ကြားနေရပါတယ်။ နှမကလေးက မောင်ကြီးရယ် ဘိုးဘိုး အဓိဌာန်ဝင်နေတဲ့ အချိန်ရောက်မှ  ဖြစ်ရတယ် နှမလေးတို့တော့ ဒုက္ခရောက်ပါပြီ မောင်ကြီးရယ် ဆိုပြီး ငိုနေတော့တာပါပဲ။ မောင်ကြီးလုပ်တဲ့သူက ဘယ်တတ်နိုင်ပါ့မလဲ ဖြစ်လာတော့လည်း တတ်နိုင်သလောက် ကာကွယ်ကြတာပေါ့လို့ ပြောပြီး သူ့ညီမလေးကို မျက်ရည် သုတ်ပေးရှာပါတယ်။


                             လပြည့်ည ဖြစ်တဲ့အတွက် အရာဝတ္ထု တော်တော်များများကို လ အလင်းရောင်ဖြင့်ကောင်းစွာ မြင်နေရပါတယ်။ ကိုရင်လေးက ရှေ့ကကြွပြီး ဦးသိန်းဆောင်က နောက်ကလိုက်လို့ မြသိန်းတန်ဘုရားကုန်းတော်ပေါ်ကို သွားနေကြပါတယ်။ မြသိန်းတန်ဘုရားကုန်းပေါ်က မြက်ပင်တွေ လုံးဝ မပေါက်တဲ့ ကွင်းပြောင်ပြောင်လေးနားရောက်တော့ ကိုရင်လေးက ဒကာကြီး မှတ်ထားပါ စကားလုံးဝ မပြောပါနဲ့ အရေးကြီးတယ်လို့ ထပ်ပြောပါတယ်။ ဦးသိန်းဆောင်က သဘောပေါက်ကြောင်း ဦးခေါင်းညိတ်ပြပါတယ်။ ကိုရင်လေးက ဤနေရာကို စောင့်ရှောက်နေသော အသင်ကျွဲဖြူကြီးပေါ်လာစေဆိုပြီး ကြိမ်လုံးနဲ့ ရိုက်လိုက်ပါတယ်။ ချက်ခြင်း ကျွဲဖြူကြီးပေါ်လာပြီး ခတ်တော့မလို နင်းတော့မလိုနဲ့ ဒေါသတကြီးပေါ်လာပါတယ် ကိုရင်လေးက ကြိမ်လုံးလေး ပြလိုက်ပြီး သင်ငြိမ်သက်စွာနေစေ ကျုပ်တို့ကို မနှောင့်ယှက်စေရလို့ အမိန့်ပေးပါတယ်။ ကိုရင်လေးက ဒီဘက်အခြမ်းက နတ်ကျွဲဖြူကိုနိုင်နင်းရင်ရပြီဆိုပြီး မြေကြီးမှ မြက်တစ်ဆုပ်ကို ကောက်ယူပြီး ကြိမ်လုံးဖြင့်ရိုက်ကာ ဖမ်းစေသတည်း ချုပ်စေသတည်းလို့ ပြောရင်း မြေပြင်ကို ပေါက်ချလိုက်တာနဲ့ တပြိုင်နက် မြသိန်းတန် ဘုရားကုန်းတော်နေရာ တော်တော်များများမှာ ကယ်ကြပါ လွှတ်ပေးပါလို့ အော်ဟစ် ငြီးငြူသံတွေ ပေါ်ပေါက်လာပါတော့တယ်။


                                 ကိုရင်လေးက လာ ဦးသိန်းဆောင် မကြောက်နဲ့။ လက်ထဲမှာ ဆေးကြိမ်လုံးရှိရင် သူတို့ အန္တရာယ်မပေးနိုင်ဘူး။ အခု သိုက်ကို သွားပြီး ပြဒါရှင်လုံး ယူတော့မယ်။ ကျုပ်လည်းစကားမပြောတော့ဘူး။ သိုက်ကြီးပွင့်သွားရင် အထဲမှာ တံခါး ( ၇ )ချပ်ရှိတယ်။ နောက်ဆုံးတံခါးကို ဖွင့်ပြီးရင် ကျုပ်ဆေးကြိမ်လုံး အထဲကို ယူသွားလို့ မရတော့ဘူး။ ကျုပ်ဝင်သွားရင် တံခါးပိတ်သွားမယ်။ မကြောက်နဲ့။ ဆေးကြိမ်လုံးပေးခဲ့မယ်။ အထဲက ကျုပ်ပြဒါးရှင်လုံး ဖမ်းပြီးရင်  ဖွင့်တော့လို့ ပြောတဲ့အချိန် ဆေးကြိမ်လုံးနဲ့ တံခါးကို ရိုက်ပေတော့။ မလွဲစေနဲ့။ ပြီးရင် ဒကာကြီး ရွှေငွေ ကျောက်သံ ပတ္တမြား ကြိုက်သလောက်သာ ယူပေတော့လို့ ပြောပြီး ချောင်းကမ်းစပ်ကို သွာပါတော့တယ်။ ကမ်းစပ်ကိုရောက်တော့ လက်ထဲမှာကိုင်ထားတဲ့ ဆေးကြိမ်လုံးနဲ့ ရေပြင်ကို ( ၃ )ချက် ဆင့်ပြီးရိုက်လိုက်ပါတယ်။ ရေလယ်ခေါင်မှ ဟီသံကြီးလို ညည်းညူတဲ့အသံလို အသံကြီးပေါ်ပေါ်က်လာပြီး အဆောက်အဦးတွေ ပေါ်ပေါ်က်လာပါတယ်။


                              အဆောက်အဦးရဲ့ အဝင်အဝ မှာရော အထဲမှာပါ အင်မတန်ကြောက်မက်ဖွယ် ရုပ်ဆင်းအင်္ဂ်ါနဲ့ ပုပုကွကွ အကောင်မျီုးစုံကို တွေ့ရပါတော့တယ်။ မကြောက်ပါဘူး အင်မတန်ရဲရင့်တဲ့ ဦးသိန်းဆောင်တစ်ယောက် သွေးလန့်ကာ မည်းနက်သော ဆံပင်များမှာ အဖြူရောင် ပြောင်းသွားပါတော့တယ်။ ဒါပေမယ့် ယောက်ျားကွ ဆိုပြီးအားတင်းကာ ဆက်သွားပါတယ်။ အခက်အခဲ မျိုးစုံတွေ့ကြုံရင်း တံခါးများကို တစ်ချပ်ချင်းဖြတ်ကျော်နိုင်ခဲ့ပါတယ်။ နောက်ဆုံးတံခါးရောက်တဲ့အခါ ကိုရင်လေးက သူ့လက်ထဲမှ ဆေးကြိမ်လုံးကို ဦးသိန်းဆောင်ထံပေးရင်း အထဲကို ဝင်သွားပါတော့တယ်။


                           နောက်ဆုံးတံခါးရဲ့ အဝင်အဝမှာ ခြေမန်းကွင်းစွပ်လျှက် မောင်နှမ နှစ်ယောက်မှ နှမလေးက မောင်ကြီးရယ် ကိုယ်ကျိုးနည်းပါပေါ့ မောင်ကြီးရယ်။ ဒုက္ခတော့ ရောက်ပါပေါ့ ဒီဘဝက လွတ်မြောက်ခါနီးမှ မောင်ကြီးတတ်ထားတဲ့ နာနာကောတုဟ အတတ်နဲ့ ပြုစားပါတော့လား မောင်ကြီးရယ်ဆိုပြီး ညည်တွားရှာပါတယ်။ ဦးသိန်းဆောင် တစ်ယောက် တံခါးဝမှာ ရပ်နေတုန်း အင်မတန်လှပတဲ့ မိန်းကလေးနှစ်ယောက်က ဦးသိန်းဆောင်၏ ဘယ်ညာ တစ်ယောက်တစ်ဖက် နေရင်း မောင်ကြီးရယ် ဒီမှာဘဲ နှမလေးတို့နဲ့ အတူတကွ သက်ဆုံးတိုင် နေပါလားလို့ ချစ်စဖွယ်ပြောရင်း ဘေးနားကပ်လို့လာပါတယ်။ ဦးသိန်းဆောင်က အင်မတန်လှပါလား ပြောတဲ့အသံလေးတွေက သာယာလိုက်တာ ဒါတွေဟာ တကယ်မဟုတ်ဘူး ငါ့ကို လှည့်စားနေတာပဲလို့ တွေးရင်း လက်ထဲမှဆေးကြိမ်လုံးဖြင့် ရိုက်မလို့ ရွယ်လိုက်တဲ့အခါ နာနာရုပ်အတတ်နဲ့ ဖန်ဆင်းထားတဲ့ မိန်းကလေးတွေ ပျောက်သွားပါတော့တယ်။ ဒီတော့ ဦးသိန်းဆောင်က လက်ထဲမှ ဆေးကြိမ်လုံးကို သဘောကျသွားပြီး ကိုရင်လေးက စွမ်းတာမဟုတ်လောက်ဘူး။ ဒီဆေးကြိမ်လုံးက စွမ်းတာဖြစ်မယ်။ အရာအားလုံးကို ဒီဆေးကြိမ်လုံးအစွမ်းနဲ့ ပြုလုပ်တာ ငါမြင်နေတာပဲ။ ကိုရင်လေးပြန်ထွက်လာရင် ဆေးကြိမ်လုံးကို ပြန်ပေးရမှာပဲ ဒီတော့ ဆေးကြိမ်လုံးပြန်မပေးရအောင် ငါအိမ်ပြန်ပြီး နောက်မှ ဆေးကြိမ်လုံးအစွမ်းနဲ့ ရွှေ ငွေ ကြိုက်သလောက် လာယူလို့ ရတာပဲလို့ တွေးမိပြီး အိမ်ကို လှည့်ပြန်ပါတော့တယ်။ အိမ်ပြန်ရာ လမ်းမှာ ကြောက်စရာ အကောင်တွေကို ဆေးကြိမ်လုံးနဲ့ ရွယ်လိုက်တာနဲ့ ပျောက်သွားတာတွေ့ရတော့ သဘောကျကျေနပ်ကာ အခက်အခဲအတားအဆီးမရှိ နေအိမ်ကို ပြန်ရောက်လာပါတော့တယ်။ 


                             ဦးသိန်ဆောင်တစ်ယောက် ဆံပင်တွေ ဘာ့ကြောင့် ချက်ချင်းဖြူရပါသလဲလို့ ရွာသားတွေထဲမှ ရင်းနှီးသူတစ်ချို့က မေးကြတဲ့အခါ ဆံပင်ဆိုးဆေးနဲ့ ဓါတ်မတည့်လို့ ဖြူသွားတာပါလို့ဖြေပါတယ်။ ဒီလိုနဲ့ နေလာတာ ( ၇ )ရက်ပြည့်ပြီးတဲ့ နောက်တစ်နေမှာ အိမ်ရှေ့မှာ သိန်းဆောင် ဟေ့သိန်းဆောင် ဆိုပြီး အော်ခေါ်သံကြားတာနဲ့ အပြင်ထွက်ကြည့်တော့ တစ်ခါမှမတွေ့ဘူးသော ယောဂီရောင် ဝတ်စုံနဲ့ လူတစ်ယောက်ကို ဒေါသထွက်နေသော မျက်နှာနဲ့ တွေ့ရပါတယ်။ ဦးသိန်းဆောင်က ဒီကနောင်ကြီးကို ကျုပ်မသိပါလား။ ဘာကိစ္စရှိလို့ပါလဲ လို့ မေးတဲ့အခါ အေးမင်းမသိပေမယ့် ငါသိတယ်။ မင်း ကိုရင်လေးစီက ယူသွားတဲ့ ဆေးကြိမ်လုံး ခုချက်ချင်းငါ့ပေးစမ်း လို့ပြောပြီး အင်း အသက်တော့ မှီကောင်းပါရဲ့လို့ လေးကန်စွာ ညည်းရှာပါတယ်။ ဦးသိန်းဆောင်က ခင်ဗျား ဘာတွေလာပြောနေတာလဲ ကျုပ်မသိဘူး ရှိလည်းမရှိဘူးလို့ပြောပါတယ်။

                                  ယောဂီရောင် ဝတ်စုံနဲ့ ဧည့်သည်က သြော် တယ်ခက်ပါလား။ မသိချင်ယောင်ဆောင်မနေနဲ့ မြန်မြန်ပေးလို့ ထပ်ပြောပါတယ်။ ဦးသိန်ဆောင်က မရှိဘူးလို့ ပြောပြီပြီပဲ ဆိုပြီး အိမ်ထဲကို ပြန်ဝင်ပါတယ်။ ဧည်သည့်က ကောင်းပြီလေ။ အသာတကြည်တောင်းလို့ မပေးရင် ငါ့အစွမ်းအစနဲ့ယူရတာပေါ့ကွာလို့ ပြောပြီး။ မျက်စိကို စုံမှိတ်ပြီး ဂါထာတစ်ပုဒ်ကို ခပ်တိုးတိုး မန်းမှုတ်ရင်း သားကြီး လာခဲ့လို့ ဖနောင့်ပေါက်ပြီး ခေါ်လိုက်ပါတယ်။ ခေါ်သံထွက်ပြီး မရှေးမနှောင်းမှာ ဦးသိန်းဆောင်တို့ အိမ်မကြီးခေါင်တိုင်မှ အိမ်ရှေ့တံစက်မြိတ် တစ်လျှေက် ဝါးလုံးအဆစ်တွေကို ဖေါက်ထွက်ပြီး ဆေးကြိမ်လုံးက ဧည့်သည်ရဲ့ လက်ထဲကို ရောက်ရှိလာပါတယ်။ ရောက်လာလာခြင်း ဧည့်သည်က မြသိန်းတန် ဘုရားဘက်ကို သွားပါတော့တယ်။  


                             ကွမ်းတယာညက်လောက် ကြာတဲ့အချိန် ဧည်သည်ပြန်ရောက်လာပြီး။ သိန်းဆောင် မင်း ဂတိ သစ္စာမတည်ဘူး။ မင်းကြောင့် ကိုရင်လေး အသက်ဆုံးရှုံးရတယ်။ ကိုရင်လေးသေ သလို မင်းအသက်သေဆုံးခါနီးမှာ တောကောင်တစ်ကောင် ကိုက်ခဲဖဲ့ပြီးမှ မင်းအသေဆိုးနဲ့ သေလိမ့်မယ်။ မင်းဆွေစဉ်မျိုးဆက်ထဲမှာလည်း ရူးသွပ်တဲ့ ဝေဒနာ ခံစားရလိမ်မယ်လို ပြောပြီး လမ်းမကြီးတစ်လျှောက် ထွက်သွားပါတော့တယ်။ ဒီလိုနဲ့ အချိန်တွေကုန်ဆုံးပြီးတဲ့နောက်မှာ ဦးသိန်းဆောင်တစ်ယောက် လူကြီးရောဂါဖြင့် အိပ်ယာထဲလဲနေချိန် အမျီုးအမည်မသိ အကောင်ကြီးတစ်ကောင် ဝင်ရောက်ကိုခဲတဲ့ ဒဏ်ရာတွေနဲ့ အသေဆိုးနဲ့ သေဆုံးခဲ့ရပါတယ်။ သူ့အမျိုးအဆွေတွေလည်း အကောင်းပဂတိမှ ရူးသွပ်တဲ့ဝေဒနာကို ခံစားနေရသည်ကို ယနေ့တိုင် စိတ်မကောင်းစွာ မြင်တွေ့နေရပါကြောင်း.....။


Crd - မူရင်း

 

ကျွန်ပ်နဲ့တောနက်ထဲမှ ဘုန်းတော်ကြီး

======================


    နွေရာသီကာလမို့ ရွက်ခြောက်များတတော၊တတောင်လုံးကြွေလျှက် တောအုပ်၊တောင်ကုန်းများပေါ်တွင်ပေါက်နေသော သစ်ပင်များမှာ အရွက်ဗလာကျင်း

လျှက်ရွက်ခြောက်များကလေနဲ့အတူ 

တဖြုတ်ဖြုတ်ကြွေဆင်းနေသည် ။


      ရွာမှရှည့်လိုက်ပစ်ကြသောခလေးများမှာ ယခုလို

ရာသီတွင်ရှည့်လိုက်ကြရာဝယ် 

ရှည့်ကသစ်ခေါင်းအတွင်းဝင်သွားပါက အခေါင်းထွက်ပေါက်များကိုပိတ်၍ ရှည့်ဝင်သွားရာအပေါက်အတွင်းသို့ သစ်ရွက်၊သစ်ကိုင်းခြောက်များ သွပ်သွင်းပြီးမီးရိူ့တတ်ကြ၏ ။


      အပူဒဏ် ၊မီးခိုးဒဏ်ကြောင့်သစ်ခေါင်းအတွင်း

 ရောက်နေသော ရှည့် မှာမီးရိူ့ရာအပေါက်မှ 

အတင်းပြန်ထွက်ကြရာတွင်စောင့်

နေကြသော ကောင်လေးများလက်ချက်ဖြင့် အသက်

ပျောက်ရတော့သည် ။


      ရှည့်လိုက်သောကောင်လေးများရိူ့လိုက်သော

မီးက နွေကာလမို့ မီးပွားစင်ထွက်ရာနေရာတိုင်းတွင်

လောင်စာက အသင့်ရှိနေသည်မို့ တောမီးလောင်

ပါတော့၏ ။


    တောမီးက တတောတတောင်လုံးနေ့ညပတ်လောင်ပြီးလောင်စာရှိရာ မီးကူး၍ သွားနေပါသည် ။


  တောမီးလောင်ချိန်တွင် တောနေတိရိစ္ဆာန်များမှာ

ဘေးလွတ်ရာရှောင်ပြေးကြရကုန်၏ ။


   ကျွန်ပ်နဲ့ သာဝ ဆရာတပည့်နှစ်ယောက်မှာတောမီး

လောင်ပြီးတပတ်အကြာတွင် အမဲပစ်ရန်ထွက်လာ

ကြသည် ။


    နွေဥတု နေ့လည်ပိုင်းမှာ ပူပြင်းခြောက်သွေ့စွာ

ရှိနေပါသည် ။


   ”...တတောလုံးတတောင်လုံးလည်း ပြောင်ရှင်း

နေတာ သားကောင်တွေ ဘယ်မှာသွားနေကြပြီလဲ

မဆိုနိူင်ဘူး....”


    ” တောညိုကြီးဖက်ရောက်ကုန်ကြပြီပေါ့ကွာ၊

အဲဖက်မှာက စမ်းပေါက်တွေ၊စမ်းချောင်းတွေပေါတော့ အပင်တွေစိမ်းစိမ်းစိုစိုနဲ့တောမီးနှစ်တိုင်းလွတ်

တယ်လေ ၊... ”


   ” ဝေးတယ် ကိုကြီးရ. မိုးတွင်းဆို နှစ်ရက်လောက်

သွားရတဲ့ခရီးပဲ...”


   ” ခုက မိုးတွင်းမှမဟုတ်တာကွာ ၊ တောင်မီးလောင်

ထားလို့ပြောင်ရှင်းနေတာ နေ့တဝက်စာခရီးလောက်

ပဲရှိမယ် ၊...တညအိပ်လောက်အမဲသွားပစ်ကြတာပေါ့.....”


       မိုးရာသီကာလတွင် အပြိုင်းအရိုင်းပေါက်နေသော ခြုံနွယ်ပင်များ သစ်ပင်ငယ်များကြောင့်တော

အတွင်းသွားလာရ ခရီးမတွင်သော်လည်း တောမီးက

သစ်ရွက်ခြောက်များ ခြုံနွယ်များကို လောင်ကျွမ်းသွား

ရာ ပြောင်ရှင်းလျှက်သွားလာရလွယ်ကူနေသည် ။


     ကျွန်ပ်တို့ယခုအမဲပစ်သွားမည့်တောညိုကြီးမှာ

သစ်ပင်ကြီးများ ခြုံနွယ်ပင်များ ထူပိန်းစွာပေါက်နေပြီး

နွေရာသီကာလမှာပင်စမ်းချောင်းများရှိနေသောကြောင့်တောမီးလွတ်သလို သစ်ပင်ကြီးများ ခြုံနွယ်များထူပိန်းနေရာနွေကာလတွင်သားကောင်များခို

အောင်းတတ်ကြ၏ ။


      တောညိုကြီးအစပ်သို့ဝင်မိချိန်မှာပင်ကျွန်ပ်တို့မှာ

အမောပြေသွားရတော့သည် ။


      တခြားနေရာတွင်သစ်ပင်ကြီးများအရွက်ကြွေနေကြသော်လည်း တောညိုကြီးတောင်ကြောတလျှောက်ပေါက်သော သစ်ပင်ကြီးများမှာ အရွက်များစိမ်းစို

ဝေဆာနေသလို ခြုံနွယ်ပင်များကလည်းစိမ်းစိုစွာ

ဖြင့်ရှိနေသည် ။


     တောညိုကြီးတွင်ပေါက်သော သစ်ပင်ခြုံနွယ်များ

မှာတခြားသောနေရာတွင်ပေါက်သော အပင်များနဲ့မတူပဲ ပုံစံတမျိုးကွဲလျှက်ရှိနေ၏ ။


        တောညိုကြီးစဝင်ချိန်မှာပင် ကျေးငှက်သံများ

နဲ့အတူ မျောက်အုပ်စုအော်သံများကြားနေကြရသည် ။


      ” ...ဟူး..ပူလိုက်တာကွာ.ခုမှနေရထိုင်ရ

သက်သာတော့တယ်..ဒီမှာခနနားပြီးထမင်းစားကြမယ် .. ”


   ”.. ဒီနေရာက နိူင်ငံခြားဗွီဒီယိုကားထဲပါတဲ့

သဲကန္တာရက အိုအေစစ်လိုနေရာမျိုးနဲ့တူတယ်...

အေးစိမ့်နေတာပဲ...ကိုကြီးဖိုးတေရာ.. ”


” လုပ်ပြီ..သာဝကတော့လေ၊ ဗွီဒီယိုကားတွေကြည့်

စိတ်ကူးတွေယဉ်နဲ့ ဟုတ်နေတာပဲ..”


     စမ်းချောင်းတခုအနီးအရောက်မှာတော့ 

ကျွန်ပ်တို့ဆရာတပည့်မှာ ချွေးပြန်နေသောခြေလက်

မျက်နှာများကိုဆေးကြောလိုက်ကြရင်း ပါလာသော

ထမင်းထုတ်များဖြေစားနေကြတော့သည် ။


...ဟာ...ဒီမျောက်တွေက ကျက်သရေတုန်းတယ်၊

ဟေ့သွား.. သွားစမ်း....


 ” ...မျောက်တွေကိုသွားမောင်းမနေနဲ့ သာဝရယ် 

ဒီကောင်တွေက လူတွေဘာလုပ်လဲ အားကြီး

စပ်စုတဲ့ကောင်တွေ ထားလိုက်စမ်းပါ...”


  ” တော်တော်ဆိုးတဲ့အကောင်တွေ သေနတ်နဲ့

ပစ်လိုက်စမ်းပါကိုကြီးရာ မှတ်လောက်သားလောက်

ရှိသွားအောင်...”


 ” ကျွန်ပ်မှ မျောက်ကိုမသတ်တာ သာဝရာ 

စိတ်ထဲထားမနေပါနဲ့ ထမင်းစားစရာရှိတာစားပါ... ”


  ကျွန်ပ်နဲ့သာဝထမင်းစားနေချိန်တွင်မျောက်တအုပ်မှာ အနီးအနားသစ်ပင်များသို့ရောက်လာပြီး စူးစမ်းဟန်ကြည့်ရင်းတကွီးကွီး အသံပြုရင်း အော်ဟစ်

နေကြရာ သာဝက ဒေါသဖြစ်လာဟန်ဖြင့် ထမင်းစား

ရပ်၍ ခဲဖြင့်လှမ်းပေါက်ရာ ခဲလုံးလွတ်ရာသစ်ပင်မြင့်

ကြီးများပေါ်တက်ပြေးသွားကြသည် ။


   သာဝမှာလက်ပြန်ဆေး၍ထမင်းစားရန်ပြင်နေချိန်

မျောက်များမှာလူနဲ့မနီးမဝေးသစ်ကိုင်းများသို့ရောက်

လာသောကြောင့်သာဝမှ ခဲဖြင့်ထပ်ပေါက်ရန်ပြုနေသောကြောင့်မနေသာပဲတားမြစ်လိုက်ရသည် ။


    ” ဒီမျောက်တွေက လွန်ကိုလွန်ပါတယ် 

လူကိုလည်းမကြောက်မလန့်နဲ့ စိတ်တိုဖို့ကောင်းလိုက်တာဗျာ...”


   ” ချားဒါဝင် အဆိုစကားရှိတယ်ကွ

လူဆိုတာ မျောက်ကဆင်းသက်လာတာတဲ့ ။

ဒီစကားမှန်တယ်ပြောရမလား လူလုပ်တာလိုက်လုပ်

လို့ ရယ်ရခက်ငိုရခက်ဇာတ်လမ်းတွေရှိတယ်...”


   ” ဘယ်လိုဇာတ်လမ်းမျိုးတွေလဲကိုကြီးဖိုးတေ 

ပြောပြပါလား... ”


     ” ဒီအတိုင်းမရဘူးကွာ ၊ဇက်ကြောလေးဘာလေး

ဆွဲပေးရမယ်.. အဲတာဆိုရင်ပြောပြမယ်...”


  ” ဇာတ်လမ်းမပြောပြလည်း နှိပ်ပေးနင်းပေးနေကျပဲဟာ အထူးအဆန်းလုပ်လို့ ...”


    စားသောက်ပြီးချိန်အထိအနားပတ်လည်တွင်

ရှိနေသော မျောက်များကိုကြည့်၍ ဒေါပွနေသော

သာဝကိုကြည့်၍ ကျွန်ပ်မှာ ကြားဖူးထားသော 

မျောက်များနဲပတ်သက်သော အကြောင်းအရာများကို

သတိရလာမိသည် ။


     သာဝက ကျွန်ပ်ကိုဇက်ကြောဆွဲပေးနေချိန်မှာ

ကျွန်ပ်ကြားဖူးထားသော မျောက်ဇာတ်လမ်းကိုပြော

ပြရန်အစချီလိုက်တော့သည် ။


     ဦးဖိုးမောင်တို့သားအဖသုံးယောက်မှာအနောက်

ရိုးမတောတွင်းသို့လွှ ဆွဲရန် ရောက်နေကြသည် ။


     အိမ်သုံး ပျဉ် ၊ သစ်လုံးများကိုငါးမန်းစွယ် လွှကြီး

များဖြင့်လိုအပ်သလိုခွဲခြမ်းဖြတ်တောက်ရန်ဖြစ်သည်။


 လွှ ဆွဲခြင်းဆိုသည်မှာ လူတရပ်ကျော်မြင့်သော

လေးတိုင်စင်ပေါ်တွင် ခုတ်လှဲထားသော သစ်တုံးကြီး

တင်၍ လိုအပ်သလို ခွဲစိတ်ဖြတ်တောက်ရသည် ။


ထိုသို့လွှဆွဲရန်လူသုံးယောက်လို၏ ။


 လွှဆရာသည် လွှဆွဲရာတွင်အခရာကျသူဖြစ်သည် ။


ခွဲစိတ်မည့်သစ်တုံးကို မီးသွေးစိမ်ထားသောကြိုးဖြင့်

သစ်တုံးပေါ် မျဉ်းတားအမှတ်အသားပြုပြီး လွဆရာက

မျဉ်းအတိုင်းအလိုက်သင့်လွှဆွဲ၍ရစေရန်ချိန်ပေးရသလို၊ လွှ မညှပ်စေရန် သစ်သား" သပ် " တခုဖြင့်

 ခွဲကြောင်းတလျှောက် ဆွဲလိုက် သပ်ကိုရွေ့ရိုက်လိုက်ဖြင့်လုပ်နေရသည် ။ 


 စင်အောင်တွင်နှစ်ယောက်နေပြီး ထိုနှစ်ယောက်က

လွှ ဆရာတည့်ပေးထားသော လွှလမ်းကြောင်းအတိုင်းအလိုက်သင့်ဆွဲသွားရုံပင်ဖြစ်၏ ။


တနေကုန်တနေခန်း တရှဲရှဲတဟဲဟဲမြည်သံဖြင့်

 လွှဆွဲအလုပ်ကပင်ပန်းသောအလုပ်ပင်ဖြစ်သည် ။


  ဦးဖိုးမောင်မှာ ငယ်စဉ်လူပျိုပေါက်ကတည်းက လွှဆွဲလာသူဖြစ်၏ ။


    မိသားစုကိုလည်း သူတတ်မြောက်ရာ လွှဆွဲ၍

ကျွေးမွေးလာရာ သားနှစ်ယောက်ပင်လူပျိုအရွယ်ရောက်လာကြပြီဖြစ်သည် ။


   သားများအရွှယ်ရောက်သောအခါ တခြားသူများနဲ့

လွှမဆွဲ သားဖသုံးယောက် လွှတဆိုင်းထောင်၍

ဆွဲကြတော့သည် ။


    သားဖသုံးယောက်မှာ တနေကုန်တနေခန်း

သစ်လုံးများခွဲစိတ်ဖြတ်တောက်နေကြရာ သူတို့ဘေး

ပတ်လည်တွင်မျောက်များက သူတို့သားအဖသုံးယောက်လုပ်ကိုင်နေသည်ကိုစူးစမ်း ကြည့်ရူနေကြသည် ။


လွှဆွဲနေသောနေရာမှာ

  တောနက်ပိုင်းကျသည့်အရပ်၊ လူအရောက်နည်း

သောအရပ် မျောက်များပေါသော အရပ်ဖြစ်၏ ။


   ညနေစောင်းသောအခါ   လုပ်ငန်းသိမ်းဆည်း၍စခန်းချရာနေရာသို့ပြန်ခဲ့ကြသည် ။


  ဦးဖိုးမောင်တို့သားအဖသုံးယောက်ထွက်သွားသည်

နဲ့မျောက်အုပ်မှာ လွှစင်ပေါ်သူ့ထက်ငါ အလုအယက်

တက်၍ကျန်နေရစ်ခဲ့ကြသည် ။


    နောက်တနေ့မိုးလင်း၍ လွှစင်ရှိရာသို့လာကြရာ

လွှစင်နားသို့မရောက်မှီကပင်မျောက်များ၏ တကွီးကွီး

အော်မြည်သံများကြားနေကြရသည်။


   ဦးဖိုးမောင်တို့သားအဖ လွှစင်နားရောက်သောအခါ

စင်ပေါ်တက်နေသော မျောက်အုပ်မှာ နီးစပ်ရာသစ်ပင်များပေါ်သို့ပြေးတက်သွားကြသည် ။


    ”...အဖေ...ဒီမျောက်က အတင့်ရဲလှချည်လား

အမယ် လူလာတာတောင်မပြေးဘူး...”


 ”...ဟုတ်ပါ့... လူကိုတောင် မျက်လုံးအပြူးသား

ထိုင်ကြည့်နေတယ်... ကဲကွာ....”


....ဝှီး....


...ဘုတ်....


” ဟေ့..ဟေ့..သားတို့မျောက်ကသေနေပြီထင်တယ်ကွ... မလူပ်ဘူး....”


  တခြားသောမျောက်များအပင်ပေါ်တက်သွား

ကြသော်လည်း ခွဲလက်စ သစ်တုံးကြီးပေါ်တွင်

  မျောက်ကြီးတကောင်က ဆောင့်ကြောင့်ထိုင်ကာ

မျက်လုံးအပြူးသားနဲ့သူတို့ကိုကြည့်နေရာ ၊ သားနှစ်ယောက်မှာ လူကိုမကြောက်သော မျောက်ကို အံ့သြ

စွာပြောဆိုရင်း သားငယ်ဖြစ်သူက မြေပေါ်မှလက်တဆုတ်စာ ခဲလုံးကိုကောက်၍ မျောက်ကြီးကို ပစ်ထည့်

လိုက်ရာ ခဲလုံးက မျောက်ရင်ဘတ်ကို အရှိန်ဖြင့်ထိမှန်သော်လည်း မျောက်ကြီးက မပြေး၊ ထိုင်ရက်သား

ရှိနေသောကြောင့် သေနေသောမျောက်ဖြစ်မှန်း ဦးဖိုး

မောင်ကသိလိုက်သောကြောင့်သားများကိုပြောလိုက်

သည် ။


 ခွဲဖြတ်ဆဲသစ်တုံးပေါ်တွင်ဆောင့်ကြောင့်ထိုင်၍သေ

နေသောမျောက်သေကြီးကိုကြည့်ရင်းသားဖသုံးယောက်အံ့သြစွာဖြင့်အနားတိုးကပ်ကြည့်လိုက်ကြရာ 

မျောက်ကြီးသေဆုံးရသောအကြောင်းအရင်းအမှန်

ိုသိလိုက်ရတော့သည်။


     အကြောင်းမှာ လွှစင်ပေါ်မှဦးဖိုးမောင်က 

လွှကြောင်းဆွဲရလွယ်စေရန်လွှဆွဲရာ သစ်တုံးကြား

သပ်ကို နူတ်လိုက်၊ရိုက်လိုက်တနေကုန်လုပ်နေခြင်းကို အပင်ပေါ်မှလူလုပ်သမျလိုက်ကြည့်နေသော 

မျောက်များကမှတ်သားထားကြပြီး လူမရှိချိန်တွင် "သပ်  "ကိုနူတ်လိုက်၊ပြန်ရိုက်သွင်းလိုက်လုပ်ရန်သပ်ကိုနူတ်ပုံရ၏ ။


   ထိုသို့လုပ်ရန် သပ် ကိုနူတ်လိုက်ချိန်တွင်မျောက်ကြီး ဝှေးစေ့မှာ လွကြောင်းရာထဲဝင်နေရာ သပ်ကို

နူတ်လိုက်ချိန် ဝှေးစေ့ကို ညှပ်လိုက်သလိုဖြစ်သွားခြင်း

ကြောင့် မျောက်ကြီးသေသွားရခြင်းဖြစ်ပါတော့သည် ။


    သားအဖသုံးယောက်မှာလည်း ရိက္ခာအခြောက်

များသာစားနေရသည်မှာကြာပြီမို့ ကြံကြံဖန်ဖန်

 လာသေနေသော မျောက်ကို ခုတ်ထစ်ချက်ပြုတ်စား

သောက်လိုက်ကြတော့သည် ။


   ဦးဖိုးမောင်တို့သားအဖများ သစ်ခွဲရာမှပြန်လာ၍

ရွာသို့ပြန်ရောက်သောအခါ ၊ သူတို့ကြုံတွေ့ခဲ့ရသော

မျောက်ကြီးဂွေးစေ့ သပ် ညှပ်၍သေသောအကြောင်းရွာသားများကိုပြောပြရာ ရွာသားများမှာ 

ပထမအံ့သွကွ၏ ။


ပြီးနောက် ၊ပြုံး၊ ရယ် ကြကုန်တော့သည်။


....ဟား...ဟား...ဟား....ဟား......ဟား....


  ကျွန်ပ်ပြောပြသော အဆော့မက်၍သေရသောမျောက်အကြောင်းနားထောင်၍ သာဝမှာ တဟားဟားအော်ရယ်နေရာ အပင်ပေါ်မှမျောက်များမှာ တကွီးကွီးအော်ရင်းကျွန်ပ်တို့ကို အထူးအဆန်းစိုက်ကြည့်

နေကြ၏။


  ”..တော်တော်ဆော့တဲ့မျောက်တွေ ဆော့စရာရှားလို့

သပ်ကိုသွားနူတ်ရတယ်လို့.... ”


   ” ဆော့တာတော့ ပြောမနေနဲ့ကွာ တချို့ဆို တောထဲမှာ လူမရှိပါဘူးဆိုပြီး ပုဆိုးလေးချွတ် ၊အကျီလေး

ချွတ်ပြီးရေချိုးမိပါတယ် ။ 


 ဘယ်အချိန်ကတည်းက လူအလစ်ချောင်းနေတဲ့ 

မျောက်တွေလဲမသိပါဘူးရောက်လာပြီး ၊ ပုဆိုးအင်

ကျီတွေယူပြေးပြီး သူထက်ငါ အလုအယက်လူဝတ်

သလိုဝတ်မယ်လုပ်ကြတာ ပုဆိုးတွေ အင်ကျီတွေက

အစိတ်စိတ်အမွှာမွှာ ဖြစ်ပါလေရော ၊ မျောက်တွေကိုယ်မှာတော့ ပုဆိုးစ အင်ကျီစလေးတွေပတ်ပြီးတော့ပေါ့...။


 လူကတော့ ဒုက္ခရောက်ပါလေရော ပုဆိုးမရှိ၊

အင်ကျီမရှိတော့ ရွာထဲလည်းဝင်မရတော့ ညနေမိုးချုပ်အထိစောင့်ပြီးဝင်ရပါလေရော.. မျောက်တွေက

အဲလောက်ဆော့တာမျိုးကွ....”


”...ဟား..ဟား....ဟား....ဟား.....တော်တော်ဆိုးတဲ့ကောင်တွေပဲ...”


” ...ဖြည်းဖြည်းရယ်ပါကွ တောထဲတောင်ထဲ... ”


”....အင်ကျီ၊ပုဆိုးမရှိတဲ့ လူရဲ့ ဒုက္ခကိုတွေးပြီး

ရယ်ချင်လာလို့ပါ အတော်ဆိုးတဲ့မျောက်တွေ

အဲလူကတော့ မျောက်ကို အတော်ဒေါသဖြစ်နေမှာပဲ... ”


”...အဲတာထက် ထူးဆန်းတာပြောပြမယ့် ဇာတ်လမ်း

တပုတ်ရှိသေးတယ်ကွ... ”


” မျောက်အကြောင်းလား ဆက်ပါအုံး ကိုကြီးဖိုးတေရ...”


     ကျွန်ပ်တို့ဆရာတပည့်မှာ အမဲမပစ်နိူင်ပဲ

အေးမြသောအရိပ်အောက်တွင် ထိုင်ရင်းစကားစ

မပြတ်နိူင်ပဲရှိနေသည် ။


  ကျွန်ပ်ပြောပြသော မျောက်ဇာတ်လမ်းကိုနားထောင်၍ သာဝတယောက် အတောမသတ်ရယ်မောနေသည် ။


   ကျွန်ပ်လည်း အမဲပစ်ရန်ခပ်ပျင်းပျင်းရှိနေသည်မို့

တခြားမျောက်ဇာတ်လမ်းတပုတ်ကိုပြောပြရန်

 ဇာတ်လမ်းအစချီလိုက်ပြန်၏ ။


စပါးများရင့်မှည့်၍ ရိတ်သိမ်းပြီးသောအခါ ကောက်လိူင်းများကိုစုပုံ နည်းနည်းစီဖြန့်ခင်းကာ ထိုအပေါ်တွင်

နွားသုံးလေးကောင်ကိုတက်နင်းစေ၍ စပါးနယ်ရသည်။


တပိုးတွဲထားသောနွားများကို လူတယောက်က 

ထိန်းကိုင်ရင်း ကောင်လိူင်းများပေါ်နေရာလပ်မကျန်

နင်းနေချိန်တွင် တခြားတယောက်မှ ကောက်ဆွတလက်ဖြင့် စပါးပင်များကိုအထက်အောက်လှန်လှော၍

စပါးပင်မှစပါးကြွေစေရန်၊ စပါးနှံတွင်

အသီးမကျန်စေရန်နွားခွာဖြင့်စပါးထိစေရန်ပြုလုပ်

ပေး၍ အသီးချွေရသည် ။


   ဦးထွန်းကြည်တို့လင်မယားမှာ လူပိုမရှိသော

ကြောင့်စပါးလိူင်းပေါ်မိန်းမကနွားဖြင့်လှည့်ပတ်၍

စပါးချွေနေချိန် ဦးထွန်းကြည်က ကောက်ဆွတလက်ဖြင့် စပါးပင်များပိကပ်မနေစေရန် ကောက်ဆွတလက်

ဖြင့်လှန်လှောပေးနေ၏ ။


    စပါးနယ်ရန်နေရာ တလင်းပြင်ကိုလယ်ကွက်တခုတွင်ရိုးပြတ်များ ခုတ်ထွင်ရှင်းလင်း၍ မြေသားညီစေရန်ပြုပြင်ကာ ထိုမြေသားကို နွားချေးစိမ်းကိုရေပြစ်ပြစ်

နဲ့ဖျော်၍သုတ်လိမ်းထားလိုက်သည် ။


    နွားချေးများခြောက်သွားသောအခါမြေပြင်မှာ

တင်းရင်းမာကျောသွားပြီး အင်္ဂတေကိုင်ထားသည်အ

လားရှိနေပါတော့သည် ။


    ထိုမြေပေါ်တွင် အရိပ်ရစေရန်အမိုးကာများပြုလုပ်ပြီးချွေမည့်စပါးလိူင်းများချ၍ စပါးချွေခြင်းဖြစ်သည်။


  ဦးထွန်းကြည်တို့လယ်မှာ ရွာနဲ့အတန်လှမ်းသော

ရိုးမတောင်ခြေဘေးမှတောင်လယ်ဖြစ်သည် ။


    လင်မယားနှစ်ယောက်စပါးချွေနေချိန်တွင်မျောက်များမှာ စပါးချွေနယ်သောနေရာနဲ့ အနီးဆုံးသစ်ပင်

ပင်များပေါ်ရောက်လာပြီး တကွီးကွီးအော်ရင်းစူးစမ်း

ဟန်ကြည့်နေကြသည် ။


  မနက်စောစောထမင်းချက်ပြုတ်စားသောက်ပြီး

စပါးချွေနယ်ကြရာမှ နေ့လည်ပိုင်းတွင်နွားစာကျွေး၊

နွားရေတိုက်အတွက်နားကြပြီး နေ့လည်စာစားသောက်ပြီးသောအခါစပါးထပ်ချွေကြပြန်၏ ။ 


    ညနေစောင်းလေးနာရီခန့်အချိန်တွင်နွားများကို

ဖြုတ်၍ ခြေဆန့်လက်ဆန့်ဖြစ်စေရန်လွတ်ထားလိုက်

ပြီး လူများမှာရေမိုးချိုးစားသောက်ပြီး မိုးစုန်းစုန်း

ချုပ်သွားတော့သည် ။


    လယ်က စပါးတင်းနှစ်ရာကျော်ထွက်သည်မို့အနည်းဆုံး တပတ်ခန့်အသီးချွေရမည်ဖြစ်ရာလင်မယား

နှစ်ယောက်မှာလယ်တဲဝင်နေကြခြင်းဖြစ်သည် ။


 ညရှစ်နာရီခန့်တွင်လင်မယားနှစ်ယောက်အိပ်ယာဝင်ကြရင်း နှစ်ခြိုက်စွာအိပ်မောကျနေကြတော့သည် ။


 တနေကုန်ပင်ပန်းထားသောအရှိန်ဖြင့် အိပ်မောကျနေရာမှ ညနက်သန်းခေါင်အချိန်တွင် ဦးထွန်းကြည်

နိူးလာ၏ ။


 ဝမ်းဗိုက်က တရစ်ရစ်နာလျှက် ဝမ်းသွားလိုသော

ကြောင့်နိူးလာခြင်းဖြစ်သည် ။


    လတခြမ်းပဲ့အလင်းရောင်က ထိန်လင်းစွာရှိနေသောကြောင့် တဲနဲ့ အတန်ငယ်လှမ်းသော လယ်ကွက်မှ ကန်သင်း ပေါ်ထိုင်၍ လေတဖြူးဖြူးဖြင့် ကိစ္စ

ဝိစ္စရှင်းပြီး စပါးချွေရာဖက်သို့ ကြည့်လိုက်မိချိန်တွင်

မျက်လုံးများပြူးကျယ်သွားကာ ရင်ထဲထိတ်ခနဲ ခုန်သွားရပါတော့သည် ။


    သူတို့စပါးချွေသောနေရာလူပ်ရှားနေသူများကို

လရောင်အောက်တွင်တွေ့လိုက်ရသောကြောင့်ပင်

ဖြစ်သည် ။


    စပါးခိုးသူများရောက်နေခြင်းလားဟုတွေးပြီး

စိတ်ပူ၊ရင်ထိတ်မိခြင်းပင် ။


   နေပူ၊မိုးရွာမရှောင်နွားနဲ့ ဖက်ရုန်းထားသော

စပါးများကို လာခိုးသူရှိနေပြီဆိုသောအသိကြောင့်

  မခံချင်စိတ် ဒေါသစိတ်များ ရုန်းကြွလာရင်း

တဲအနီး အမြန်သွားပြီး တဲခေါင်းရင်းနံရံတွင်ထောင်

ထားသော ” လှံ ” ကိုယူ၍ စပါးချွေရာနေရာသို့ချည်း

ကပ်လာခဲ့တော့သည် ။


      မချွေရသေးသောကောက်ပုံများကိုရွေ့ပြောင်း

နေသူ စုပုံနေသူများမှာ အဝေးမှလှမ်းကြည့်ရာ 

 သေးသေးကွေးကွေးဖြစ်နေသောကြောင့် ကျောထဲ

စိမ့်ကနဲဖြစ်သွားမိသည် ။ 

     

      လယ်အထက်တောင်ပေါ်တွင် ရွာဟောင်းတခု

ကရှိနေပြီး သင်းချိုင်းဟောင်းလည်းရှိရာ သရဲခြောက်သည်ဟုနာမည်ကြီးရာ ယခုသူ့စပါးချွေသော 

နေရာတွင်တွေ့နေရသူများမှာ သရဲတစ္ဆေ၊ မှင်စာများ

လားဟူ၍ စိတ်အတွင်းထင်မှတ်သောကြောင့် ကြောက်စိတ်အနည်းငယ်ဝင်သွားမိခြင်းဖြစ်သည် ။


     ကြောက်စိတ်ဖြင့် ဦးထွန်းကြည်တွေဝေနေစဉ်၊

ထူးဆန်းသော မြင်ကွင်းတခုကြောင့် ပါးစပ်အဟောင်း

သားဖြစ်သွားရပါတော့သည် ။


    ပုပုသေးသေးအကောင်များမှာ စုပုံထားသော

စပါးပုံပေါ်တက်၍  ဝါးပိုးဝါးဖြင့်ပြုလုပ်ထားသော

နွားထမ်းပိုးကို သုံးလေးယောက်စုထမ်း၍ နောက်မှတယောက်က တုတ်တချောင်းဖြင့်လိုက်ကာ နွားဖြင့်

စပါးချွေသလို လုပ်နေကြခြင်းပင်ဖြစ်၏ ။


    ဦးထွန်းကြည်တယောက် ကြောက်စိတ်ကဝက်၊

အံ့သြစိတ်က တဝက်ဖြင့် ပုံထားသော ကောက်လိူင်း

ပုံများကို ကွယ်၍ ထိုသူများနဲ့ နီးကပ်နိူင်သမျနီးကပ်စေရန်အနီးသို့တိုးကပ်ကြည့်သောအခါမှ အဖြစ်မှန်ကို

သိသွားကာ မပြုံးပဲ ဝါးလုံးကွဲ ရယ်ချလိုက်မိပါတော့

သည် ။


   သူတွေ့လိုက်ရသောအရာမှာကား မျောက်ဖင်နီ(ဒေသအခေါ် ခွေးနီးပါးခန့်ရှိ)မျောက်တအုပ်မှာ နေ့လည်ပိုင်း ဦးထွန်းကြည်တို့ စပါးချွေနေသည်ကိုကြည့်၍

 ညပိုင်းလူခြေတိတ်ချိန်တွင် လူများစပါးခြွေသလို

 ရှေ့မှမျောက်သုံးလေးကောင်က နွားလုပ်၍ နောက်မှ

မျောက်တကောင်က နွားများကိုထိန်းသောလူနေရာမှ

နေကာ စပါးချွေနေကြခြင်းပင်။


    နောက်မှမျောက်မှာ သူ့မိန်းမဆောင်းသော

ခမောက်အစုတ်ကိုပင်ဆောင်းထားသေးသည် ။


  ဦးထွန်းကြည်၏ ရယ်သံကြောင့်မျောက်များမှာ

လန့်ဖျတ်၍ ခြေဦးတည့်ရာပြေးလွှားကုန်ကြတော့သည် ။


     ”  ....ဟား..ဟား...ဟား...ဟား...


   အတော်ဆိုးတဲ့မျောက်တွေပါလား...”   


     ကျွန်ပ်မှာ လူကြီးသူမများထံမှနားထောင်ဖူးသော

မျောက်နဲ့ပတ်သက်သော ဇာတ်လမ်းများ သာဝကိုပြောပြရာ သာဝတယောက် ပါးစပ်မစေ့နိူင်ရယ်မော

လျှက်ရှိနေပါတော့သည် ။


      ညနေစောင်းလေပေါက်ချိန်လည်းရောက်ပြီမို့ 

ကျွန်ပ်မှာ ရေသောက်ဆင်းမည့် သားကောင်များပစ်

ခတ်ရန်တောညိုကြီး အတွင်းပိုင်းမှ ရေကန်ကြီးရှိရာ

ဦးတည်လာခဲ့ကြ၏ ။


      တောင်ကြောရေထွက်ပေါက်များမှ ရေများဖြင့်

အိုင်ထွန်းနေသော ရေကန်ကြီးမှာ ယခုလိုနွေကာလမှာပင် ရေခန်းမသွားပဲ ရေများရှိနေသည် ။


   ကန်ဘေးပတ်လည်တွင်သစ်ပင်ကြီးများက 

ရေကန်ကို အုပ်မိုးလျှက် ရှိနေကြ၏ ။


   နွေရာသီကာလရေရှားချိန် များတွင် ယခုကန်သို့ သားကောင်များ ရေသောက်ရန်လာလေ့ရှိရာ စောင့်ပစ်ရန်တွေးထားခြင်းဖြစ်သည် ။


       ကျေးငှက်သာရကာလေးများနဲ့ တိရိစ္ဆာန်ပေါင်းစုံ

ရေကန်ကြီးအတွင်းရေလာသောက်ရာမှ ကျွန်ပ်မှာ

ဆူဖြိုးလှသော ဆတ်ဖားကြီးတကောင်နဲ့ ချေ တကောင်ပစ်ခတ်ရရှိ၏ ။


     ရရှိလာသော သားကောင်များကို ကျွန်ပ်တို့နေ့လည်ထိုင်စကားပြောသောနေရာတွင်သယ်လာကြသည်။


    ရရှိလာသောသားကောင်များကို ရှေးဦးစွာတော

မြှောက်ခြင်းပြုသည်။


  တနယ်နဲ့တနယ် တောတင်မြောက်ပုံခြင်းကား

မတူနိူင်ပေ ။ 

ကျွန်ပ်တို့ဒေသတွင် တောတင်မြှောက်ခြင်းမှာကား

 နားရွက်ထိပ်၊ ခွာထိပ် ၊ဂျိုထိပ် စသောနေရာများကို

စတိသဘော လှီးဖြတ်ပြီး သစ်ရွက်တရွက်တွင်ထည့်

ပြီးသစ်ပင်ခွကြားများတွင်တင်၍ တောပိုင်၊တောင်ပိုင်

များကို အဦးအဖျားတင်မြောက်ကြောင်း ပြောဆို

တင်မြောက်ခြင်းဖြစ်သည် ။


        ကျွန်ပ်တို့နှစ်ယောက်လုံးမှာ အမဲဖျက်ခြင်းကို

ကျင့်သားရနေကြပြီမို့ တနာရီခွဲခန့်အချိန်တွင် ခုတ်ထစ်ပြီးစီးသွားတော့သည် ။


   ခုတ်ထစ်ပြီးချိန်တွင် အနားမယူအားသေးပဲ 

ထင်းခြောက်များ ရသလောက်ရှာဖွေရန် သာဝအား

ခိုင်းထားရသလို ကျွန်ပ်ကလည်း ဝါးပင်များခုတ်၍

  သုံးတောင်ခန့်အမြင့် လေးတိုင်စင်တခုဆောက်ပြီး

လျှင်အောက်မှ ထင်းထည့်၍ မီးမွေးထားသည် ။


   အသားကြပ်တိုက်ရန် မီးတောက်မလိုပဲ မီးခဲအရှိန်

လိုသောကြောင့် သစ်တုံးခြောက်ခပ်ကြီးကြီးများ

ထည့်ရ၏ ။


    သစ်တုံးကြီးများမှသာ မီးခဲများကျနိူင်ပြီး အသား

ကင်ရန်အနေတော်ဖြစ်ချိန်မှ ခုတ်လှီးထားသော

အသားများကိုစင်ပေါ်တင်၍ အပေါ်အောက်လှန်ကာ

ကင်ပေးနေရသည် ။


     ” သာဝရေ မနက်စောစော အသားကျက်ချိန်လောက်ပြန်ကြမယ် ၊ ခုညမအိပ်လို့ဖြစ်တယ်မဟုတ်လား။ 

   အသားကင်အနံ့ကြောင့် တခြားတောကောင်တွေ

လာနိူင်တယ် ဒီတော့ ဒီနေရာ ဘေးပတ်လည်မှာ 

 မီးပုံသုံးလေးပုံ ဖိုထားပြီး ထင်းမပြတ်တမ်းထည့်ထား

ရမယ်... ”


   ” ကျွန်တော်ဆက်လုပ်လိုက်မယ် ကိုကြီးဖိုးတေ

ရေချိုးလိုက်လေ ပူအိုက်နေရောပေါ့....”


   ကျွန်ပ်မှာ သာဝကိုမှာစရာရှိသည်ကိုမှာပြီး 

  စောင်းချောင်းတွင် ရေစိမ်ချိုးလိုက်သည် ။


   တနေကုန်ပူအိုက်၍ချွေးများနဲ့စိုကပ်နေရာ အေးမြသောစမ်းရေကြောင့်လူက လန်းဆန်းသွားရတော့၏ ။


   ကျွန်ပ်ရေချိုးပြီးချိန်တွင် သာဝကိုရေချိုးခိုင်းလိုက်

သည် ။


   နွေရာသီမို့ သစ်ကိုင်းခြောက်၊သစ်ပင်ခြောက်များကို

ဝေးဝေးလံလံရှာစရာမလိုပဲ အနီးဝန်းကျင်မှာပင်အလွယ်တကူရနိူင်သောကြောင့် ထင်းခြောက်များကိုသာဝက တပုံတပင်စုပုံထားသည်ကိုတွေ့ရသည် ။


  ကျွန်ပ်တို့ဆရာတပည့်နှယောက်မှာ ညစာချက်မနေကြတော့ပဲ ဆတ်၊ချေ အသဲ အမြစ် တို့ကိုဆားပွတ်

ဖုတ်ကင်၍ ရေနွေးကြမ်းသောက်ကာ ညစာဖြည့်တင်း

လိုက်ကြသည် ။


     ညသည်မှောင်သထက်မှောင်မဲလာပြီဖြစ်၏ ။


   အိပ်တန်းတက်ကျေးငှက်တို့အော်မြည်သံ၊ မျောက်များအော်သံ၊ ချေဟောက်သံများ အစပထမမှောင်စ

တွင်ကြားနေရသော်လည်း တဖြည်းဖြည်းအသံများတိတ်ဆိတ်လာပါတော့သည် ။


   အသားများမှ အဆီများများက မီးခဲများအပေါ်ပြုတ်

ကျရာ ရှဲခနဲမြည်သံနဲ့အတူ အသားညှော်နံ့က မီးခိုးငွေ့

များနဲ့အတူ ပတ်ဝန်းကျင်တွင် လွှမ်းခြုံလျှက်ရှိနေသည် ။


     ကျွန်ပ်တို့ဘေးပတ်လည်တွင် သစ်တုံးကြီးများဖြင့်

ဖိုထားသော မီးပုံကြီးလေးပုံရှိနေပါသည် ။


   အသားညှော်နံ့ကြောင့်တောတိရိစ္ဆာန်များရောက်

လာနိူင်သော်လည်းတောနေသတ္တဝါများမှာ မီးကို

ကြောက်လန့်သောကြောင့် အနားကပ်ရဲကြမည်မဟုတ်ပေ။


        ရိုးမတောမို့ နွေပင်ဖြစ်စေကာမူ၊ညပိုင်းတွင်

အေးစိမ့်လာသော်လည်း ကျွန်ပ်တို့မှာ အသားများ

အထက်အောက် အကျက်ညီစေရန်လှန်လှောပေးခြင်း

ထင်းမီးလျော့လာချိန်တွင်မီးထပ်ထည့်ပေးခြင်းကိုပြု

လုပ်နေရသောကြောင့် အအေးဒဏ်ကိုမခံစားမိပေ။


ကျွန်ပ်နဲ့သာဝမှာ

   ခုတ်ထစ်လာသောဝါးများကို ခုတ်ထစ်စိတ်ဖြာ၍

ခြင်းကျားကြီးတယောက်တလုံးယက်နေကြသည် ။


  ကျက်သွားသော အသားများကို ခြင်းကျားတွင်

ထည့်၍သယ်ရန်ယက်နေကြခြင်းဖြစ်၏ ။


         စကားတပြောပြောဖြင့် လုပ်စရာရှိသည်များ

လုပ်နေကြရင်း သန်းခေါင်ယံအချိန်သို့ ရောက်မှန်း

မသိရောက်လာပါတော့သည် ။


       ”...ကိုကြီး...ကိုကြီး...ဟိုမှာ ဘာကောင်ကြီး

တွေလဲမသိဘူး....”


    ပြီးခါနီးခြင်းကျားကြီးလက်စသတ်နေသော

ကျွန်ပ်မှာ သာဝအပြောကြောင့် ဆတ်ခနဲခေါင်းမော့

၍လက်က သေနတ်ကိုအလိုလိုဆုတ်ကိုင်ထားပြီး

ဖြစ်နေသည် ။


      နီနီရဲရဲ မျက်လုံးကြီးနှလုံးက လက်နှိပ်ဓတ်မီး

နှစ်လက်ထွန်းထားသည်အလားအရောင်ထွက်နေသောအကောင်ကြီးတကောင်က ခပ်လှမ်းလှမ်း

တွင်ရှိသည် ။


      ...ဟာ...ကင်းခြေများ ကောင်ကြီးပဲ နည်းနည်း

နောနော အကောင်ကြီးလား...


...မကြောက်နဲ့သာဝ ဒီကောင်ကြီး မီးရောင်တွေရှိနေလို့မလာရဲဘူး မီးပုံတွေကိုသာ မီးမပြတ်တမ်းထည့်ထား....


     အုန်းပင်၏ ပင်စည်လုံးအရွယ်ခန့်ရှိ ကင်းခြေများ

မှာအသားညှော်နံ့ရသောကြောင့် ရောက်လာခြင်းဖြစ်ဟန်တူသည်။


    မီးပုံရှိလေးပုံက အရပ်လေးမျက်နှာ အရှိန်ပြင်းစွာ

ရှိနေသောကြောင့်ရှေ့မတိုးရဲပဲ လှည့်ပတ်နေရင်း

နောက်ဆုံးလက်လျော့ကာ တောတွင်းဝင်ရောက်ပျောက်ကွယ်သွားသည် ။


   ကင်းခြေများထွက်သွားပြီးများမကြာမှီအချိန်မှာပင်၊

အနံ့ခံအလွန်ကောင်းသောတောခွေးများရောက်လာကြ၏ ။

     လူရှိနေသည့်အပြင် မီးကိုမဖြတ်ကျော်ရဲသော

ကြောင့် လက်လျော့ပြန်သွားကြပြန်သည် ။


     ...ကွီး....ကွီး....ကွီး...


   ..ဟာ ဒီမျောက်တွေက ဒီအချိန်ထိမအိပ်ကြသေးဘူးလားမသိဘူး...


.”..ဒီလိုရှိတယ် သာဝရ မျောက်တွေမှာ အလေ့အကျင့်

တခုရှိတယ် ၊ ညအိပ်ချိန်ရောက်တိုင်းတနာရီလောက်ကြာရင်တခါ မျောက်တကောင်ကမြေကြီးပေါ်ဆင်း

လာပြီး မြေကြီးရှိမရှိ စမ်းလေ့ရှိကြတယ်။ 


အဖွဲ့ထဲကတကောင်စီအလှည့်ကျဆင်းစမ်းကြည့်ကြတာပေါ့...”


”..အဆန်းပါလား ဘာလို့မြေကြီးကိုစမ်းကြည့်ကြတာလဲ ကိုကြီးဖိုးတေ၊ ”


” မပြောတတ်ပါဘူးကွာ ၊ ငါထင်တာက အပင်ပေါ်

နေကြတဲ့ကောင်တွေဆိုတော့ ညမှောင်ချိန်မြေကြီး

ကိုမမြင်ရတော့ ရှိမရှိဆင်းစမ်းနေကြတာလားမဆို

နိူင်ပါဘူး....”


 ခပ်လှမ်းလှမ်းတောအုပ်ဆီမှမျောက်များဆူဆူညံ့ညံ့

အော်ဟစ်သံကြောင့် သာဝကို ကျွန်ပ်က မျောက်များ

၏ထူးဆန်းသော အမူအကျင့်တခုကိုရှင်းပြလိုက်ခြင်း

ဖြစ်သည် ။


  ” ကိုကြီးဖိုးတေ... ဟိုမှာ.. ဟိုမှာတွေ့လား....”


 ” တိတ်တိတ်နေသာဝ ၊ ငါခွင့်ပြုချက်မရပဲ ဘာမှမလုပ်နဲ့ ၊ ဘာမှလည်းမပြောနဲ့နော်... ။..”


   ကျွန်ပ်က သာဝကိုမျောက်အကြောင်းရှင်းပြနေချိန်

ကျွန်ပ်တို့အနီးမီးပုံရှေ့သို့ ရောက်လာသူများကြောင့်

သာဝကို ကြိုတင်၍ သတိပေးစရာများကြိုတင်သတိ

ပေးထားလိုက်ရ၏ ။


ရောက်လာကြသူများမှာ ဖြူဖြူဝဝကြည်ညိုဖွယ်ရာ

ရုပ်သွင်ဖြင့် သင်္ကန်းရုံထားသော ဘုန်းတော်ကြီး

တပါးနဲ့ ပိန်ကပ်ကပ်မဲနက်နက် အသားအရေရှိသော

ဘုန်းတော်ကြီးနောက်လိုက် ကပ္ပိယတယောက်တို့

ဖြစ်ကြသည် ။


   ” ..ဒကာကြီးတို့က မုဆိုးတွေလား အသားညှော်

နံ့ရတော့  အသားလေး ဘာလေးအလှူခံရအောင်

ရောက်လာတာပဲ ဒကာကြီး...”


   ”  အရှင်ဘုရားက ဘယ်အရပ်မှာ သီတင်းသုံးပြီး

ဘယ်အရပ်ကိုကြွမှာလဲဘုရား ၊ ညကြီးအချိန်လင့်

နေပြီမို့ ခုလိုတောထဲလျှောက်သွားနေတာ အန္တရယ်

များပါတယ်.... ”


   ” မုဆိုးဖြစ်တဲ့ ဒကာကြီးက လက်နက်ကိုအားကိုး

အားထားပြုတယ် ၊ တိရိစ္ဆာန်တွေကျတော့ သွား၊လက်သည်း၊ခြေသည်းကို အားကိုးတတ်ကြတယ်။

ဘုန်းကြီးတို့မှာ လက်နက်က မေတ္တာလက်နက်

ရှိတာမို့ မေတ္တာပို့သပြီးသွားလာနေတော့ ဘေးမတွေ့

ပါတယ် ။


  ဘုန်းကြီးတို့နေတာက ဟိုးအရှေ့တောင်ရိုးလေးမှာ

ကျောင်းသင်္ကန်းဆောက်နေတာ ၊ လာတာကဒကာကြီးဆီလာတာပါပဲ ၊အသားလာ အလှူခံတာပါ... ”


  ” သတ္တာဝါတွေကိုမေတ္တာရှေ့ထားတဲ့ အရှင်ဘုရား

အသားစားတယ်ဆိုတော့ တပည့်တော်အံ့သြမိပါတယ်၊  ...”


” ဘုန်းကြီးတို့ဟာလည်း ရဟန္တာအဆင့်မရောက်သေးပဲ သာမာန်ရဟန်းတော်အဆင့်မှာသာရှိသေးတာမို့

စိတ်သဘောဆန္ဒကိုမချိုးနှိမ်နိူင်သေးတာမို့ အသား

စားလိုစိတ်ရှိနေတာ မဆန်းပါဘူး ဒကာကြီး...”


 ” အရှင်ဘုရား အလိုရှိသမျအသား တပည့်တော်

လှူပါ့မယ် ၊  အထဲကြွလာပါဘုရား....”


   ကျွန်ပ်နဲ့ ဘုန်းတော်ကြီးတို့စကားအပြန်အလှန်ပြောနေကြခြင်းပင်။

   ကျွန်ပ်မှာ မုဆိုးအလုပ်မတတ်သာ၍လုပ်နေရသော်လည်းဘာသာရေးကို အပြည့်အဝမလုပ်နိူင်သော်လည်း သံဃာသူမြတ်များကို ရိုသေလေးစား၊

ရိုကျိုးစိတ်ရှိသူဖြစ်သည် ။


   ညအချိန်တောကြီးမျက်မည်းတွင်အသားလာ၍

အလှူလာခံသော ဘုန်းကြီးကို စိတ်အတွင်းသံသယ

ဖြစ်မိသည်။

  သို့ရာတွင်

သိလိုသည်များမေးမြန်းရာတွင်ရိုရိုသေသေမေးမြန်း

နေခြင်းဖြစ်သည် ။


  ကျွန်ပ်က အသားလှူရန်ပင့်ဖိတ်ခြင်းကိုတုံဏှာဘာဝိ

နူတ်ဆိတ်လျှက်ရှိနေ၏ ။


” ဒကာကြီးတို့ မီးလင်းဖိုမီးအရောင်က ပူပါဘိနဲ့ကွယ်

ဒီကိုလာ လှူပါလား. ဒကာကြီး....”


 ” အကယ်၍ အရှင်ဘုရား တပည့်တော်တို့ဆီ

အလှူလာမခံနိူင်ရင် အရှင်ဘုရားရဲ့ ဒကာ ကပ္ပိယကို

လွတ်လိုက်ပါဘုရား...၊ ဒီလိုမှမဟုတ်ရင်တပည့်တော်တို့မလှူနိူင်ကြောင်းပါ....”


   ကျွန်ပ်စကားကြောင့်ဘုန်းကြီးနဲ့ ကပ္ပိယကြီးမှာ

တိုးတိုးကြိတ်၍ စကားပြောဆိုနေကြသည် ။      


    ကပ္ပိယကြီးကခေါင်းတယမ်းယမ်းရှိနေသောကြောင့်ငြင်းဆန်နေဟန်တူ၏ ။


  ဘုန်းတော်ကြီးမှကျွန်ပ်ကိုလာရောက်၍ အသားများ

လှူဒန်းခိုင်း၏ ။

   ကျွန်ပ်က လာရောက်အလှူခံပါကလှူမည်ဖြစ်ကြောင်း၊  ကျွန်ပ်တို့သွား၍မလှူနိူင်ကြောင်း စကားကိုယတိ

ပြတ်ပြော၍ငြင်းဆန်ထားသည် ။


”..မောင်ပိန်.. ငါအသား စားချင်တယ် သွားယူလာ

ပေးစမ်း...”


....မဖြစ်...မဖြစ်ဘူးလေ..အရှင်ဘုရား...


...သွားယူဆိုယူစမ်းကွာ..


    နောက်ဆုံး ကပ္ပိယကြီးမှာ ဘုန်းတော်ကြီးက

စကားသံခပ်ပြတ်ပြတ်ဖြင့်ပြောဆိုလာသောအခါ 

 မဝံ့မရဲခြေလှမ်းများဖြင့် ရှေ့သို့တိုးကပ်လာသည် ။


     ....အား...အား...အောင်မလေးဗျ....


....ဟင်.. ကိုကြီးဖိုးတေ.. ဟိုလူဘယ်လိုဖြစ်

သွားတာလဲ....


...အသာနေ သာဝ ငါပြောထားသလို ဘာမှမလုပ်ပဲ

အခြေအနေစောင့်ကြည့်နေ....


     ကျွန်ပ်တို့ရှိရာလျှောက်လာသော ကပ္ပိယကြီးမှာ

မီးပုံနဲ့နီးလာသောအခါ တကိုယ်လုံးအသားများ

  ရှေ့တိုးမရပဲ တကိုယ်လုံးပူလောင်ဟန်ဖြင့်နောက်

သို့ဆုတ်သွားပါတော့သည် ။


     ..အရှင်ဘုရားတို့ဟာ သာမာန်လူသားတွေမဟုတ်ဘူးဆိုတာ တပည့်တော် ရိပ်မိပါတယ် ၊ 

  အသားစားချင်စိတ်ရှိရင်ပေးလိုက်ပါမယ် ၊ယူသွားကြပါ.....


   ကျွန်ပ်မှာ အစကတည်းကပင်စိတ်အတွင်းမသင်္ကာ

သလိုရှိနေရာမှ ကပ္ပိယကြီး ကျွန်ပ်တို့အနားမလာနိူင်

သည်မို့ ပို၍သေချာသွားပါသည် ။


     ကျွန်ပ်မှာ ကျက်စပြုနေပြီဖြစ်သောအသားနှစ်ပိသာခန့်ကို ဖက်ဖြင့်ထုတ်၍ လှမ်းပစ်ပေးလိုက်ရာ

  ကပ္ပိယကြီးမှကောက်၍ ဘုန်းတော်ကြီးကိုသွား

ပေးနေသည်ကိုတွေ့ရသည် ။


    ဘုန်းတော်ကြီးမှာ ကျွန်ပ်တို့ရှိရာသို့ကျေးဇူးတင်

ဟန်ဖြင့် လှမ်းကြည့်ရင်းခနမျရပ်နေသည် ။


...သတ္တဝါတိုင်းဟာ စွဲလမ်းမူကိုမပယ်ဖျက်နိူင်ကြဘူး

ဆိုပေမယ့် အစွဲအလန်းစိတ်တအားပြင်းထန်ရင်

 အတတ်ကြူး အရူးဖြစ်ဆိုသလို ဖြစ်ကုန်ကြတော့

တာပါပဲ၊

  ကျွန်ပ်လည်း ဒီလိုပါပဲ တောင်ပေါ်တောရကျောင်း

မှာဟေါဒီကပ္ပိယကြီးကိုအဖော်ပြုရင်းတရားအလုပ်

လုပ်နေချိန် ဆင်းရိုင်းအုပ်ဖြတ်ချိန်မှာ အသက်ဆုံး

ရူံးခဲ့ရတယ် ၊ 

  ဘယ်လောက်ပဲတရားအလုပ် လုပ်နေပါစေ၊

သေချိန်မှာ တရားအသိပျောက်ခဲ့လို့ခုလိုမကောင်းတဲ့

ဘုံဘဝရောက်နေရတာပဲ...၊

ဘုန်းကြီးတို့စားချင်တဲ့အသားပေးတဲ့မုဆိုးကြီးတို့ကို

ကျေးဇူးတင်ပါတယ်.. ။..”


ဘုန်းတော်ကြီးကသူပြောလိုရာပြောပြီး ကပ္ပိယကြီး

ကိုအဖော်ပြု၍တောတွင်းအမှောင်ထုအတွင်းဝင်ရောက်ပျောက်ကွယ်သွားပါသည်။


  ဘုန်းတော်ကြီးပြောသောစကားများကို ကျွန်ပ်အပြည့်အဝနားမလည်ပေ။


 သို့ရာတွင် သေခါနီးစိတ်အစွဲကြောင့်မကျွတ်မလွတ်

သောဘဝရောက်နေမှန်းတော့သိလိုက်သည် ။


”...ဘုန်းကြီးလည်း သရဲရှိတာပဲ ကျောချမ်းစရာကြီး

ကိုကြီးဖိုးတေရာ... ”


 ”..အသားစားချင်လို့လာတောင်းရုံပါပဲ လူကိုအန္တရယ်

ပြုမယ့်သူတွေ ပရလောကသားတွေ မဟုတ်ပါဘူးကွာ၊ နောက်ပြီး ပရလောကသားဆိုတာ ဘုန်းကြီးလည်းရှိတာပါပဲ ၊ မင်းမကြားဖူးဘူးလား စကားပုံတခု

ရှိတယ် ၊ ကတုံးနဲ့ဆံထုံးက ငရဲမှာ အများဆုံးဆိုတာ..”


    ” အဲဒီစကားရဲ့ အနက်အဓိပ္ပါယ်က ဘာလဲ

ကိုကြီးဖိုးတေ... ”


  ” မိန်းမနဲ့ ဘုန်းကြီးတွေကိုဆိုလိုတာ သာဝရ၊

  ရဟန်းဝတ်ပေမယ့် ရဟန်းတို့စောင့်ထိန်းရမယ့်

ဝိနည်းသိက္ခာပုတ်ကိုမစောင့်ထိန်းရင် လူထက်ပို

အပြစ်ကြီးတာမို့ ငရဲမှာ ဘုန်းကြီးတွေအများဆုံးလို့

ဆိုလိုဟန်ရှိတယ် ။

   မိန်းမတွေကျတော့ မနာလိုဝန်တိုစိတ်က အများ

သားမဟုတ်လား တခုမဟုတ်တခု အပြစ်ကျုးလွန်

နေကြတယ် ၊ ဒါကြောင့် အဲဒီဆိုလိုတာဖြစ်မယ်.. ၊

 ငါစိတ်ထဲရှိသလို အနက်အဓိပ္ပါယ်ဖွင့်တာဆိုတော့

မှားတော့မှားနိူင်တယ် ၊ ငါကမုဆိုးဆိုတော့ ဘာသာ

ရေးအလှမ်းဝေးတယ်ပြောရမယ် ၊ တကယ်အကျယ်

တဝင့်သိချင်ရင်လူကြီးသူမတွေကို မေးစမ်းကြည့်

ပေါ့ကွာ....”


   သာဝမှာ ပရလောကသား ဘုန်းကြီးနဲ့ ကပ္ပိယကိုတွေ့ခြင်းကြောင့်အနည်းငယ်ကြောက်လန့်နေဟန်

ရှိရာ ကျွန်ပ်က သာဝမကြောက်စေရန်ပြောပြနေခြင်း

ဖြစ်သည် ။


     တညလုံးဟိုအကြောင်းဒီအကြောင်းပြောဆိုကြရင်း မိုးလည်းလင်းလာ၏ ။


  နှစ်ယောက်သားကြပ်တိုက်ထားသော အသားများကို

ခြင်းကြားတွင်ထည့်ထမ်း၍ ရွာသို့ပြန်လာခဲ့ကြတော့သည်။


   ကျွန်ပ်မှာ ပရလောကဘုန်းကြီးနဲ့ ယခုမှပထမဆုံး

အကြိမ်တွေ့ဖူးခြင်းဖြစ်သည် ။


     ပရလောကသားဘုန်းကြီးကိုကြောက်စိတ်အလျှင်းမရှိပဲ သတိသံဝေဂတရား တခုရင်ထဲရောက်လာသလိုခံစားနေရမိပါတော့သည် ။


=============================


 ပြီးပါပြီ


မြူခိုးအလင်္ကာ

#လေးစားစွာcreditပေးပါသည်